ပရိသတ်ကြီးရေ ခန္ဓာကိုယ်အမိုက်စားလေးနဲ့ ပုရသိတွေရဲ့ အသည်းစွဲဖြစ်တဲ့ မော်ဒယ်လ်သရုပ်ဆောင်အွန်ဆိုင်းကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာဆိုရင် နိုင်ငံတကာအဆင့်မှီတဲ့ Miss တစ်ယောက်လည်းဖြစ်ပြီး ပရိသတ်အများအပြားရဲ့ချစ်ခင်လေးစားမှုကိုရယူပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဖက်ရှင်ဒီဇိုင်းလန်းလန်းလေးတွေနဲ့ ပွဲတက်လာတဲ့ သူမရဲ့ အလှအပက မြင်သူတကာတို့ နှစ်ခါပြန်ကြည့်ရလောက်အောင်ပင်ဆွဲဆောင်ညှို့ယူနေတာဖြစ်ပါတယ်။

အေးအေးဆေးဆေးတည်တည် ငြိမ်ငြိမ်နေတက်သူဖြစ်ပြီး သူငယ်ချင်းတွေနဲ့လည်းပျော်ရွင်စွာ အချိန်ပေးနေထိုင်တက်သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်လှပမှုနှင့် ကျန်းမာရေးကောင်းအောင် gym လေ့ကျင့်ခန်းကို စနစ်တကျနဲ့ ပုံမှန်ကစားဖြစ်နေတာကို ပရိသတ်ကြီးအနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ အားကစားဝါသနာပါတဲ့ သူမဟာဆိုရင် ရေကူးတို့ တောင်တက်တာတို့ကို မကြာခဏဆိုသလိုပြုလုပ်လေ့ရှိတာဖြစ်ပါတယ်...။ "The One Championship" ပွဲကိုလေး ကြည့်ရှုအားပေးသူဖြစ်ပြီး အောင်လအန်ဆန်းရဲ့ အမာခံပရိသတ်တစ်ယောက်ပါနော်...။

အွန်းဆိုင်းက ပရိသတ်ကြီးနဲ့အဆက်အသွယ် မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာများဖြစ်တဲ့ facebook နှင့် Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း မုံရွာမြို့က "GL Beauty & Nail Art" ဖွင့်ပွဲကို တက်ရောက်တုန်းကရိုက်ကူးထားခဲ့တဲ့ အမှတ်တရ ပုံရိပ်လေးတွေကို တင်ဆက်ပြသထားတာပါ...။ မုံရွာ ရောက်မှာ အညာဒေသရဲ့ ဓလေ့ထုံးစံကို ချစ်မြတ်နိုးတတ်သွားတဲ့ သူမရဲ့ ရင်ထဲကခံစားချက်ကိုလည်း "ကျောင်းကြီးနားက ထန်းတော၊ တမာပင်ကြီးများ ညဆို လေတဖြူးဖြူးနဲ့ တမာနံ့သင်းသင်းလေး စသည်ဖြင့် စသည်ဖြင့် လွမ်းရတဲ့အရာများ..."အဆိုပါ လွမ်းဆွတ်တမ်းတဖွယ် ရေးသားဖော်ပြထားတာပါနော်...။ Myanmarload ပရိသတ်ကြီးလည်း အွန်ဆိုင်းရဲ့ ပွဲတက်ပုံရိပ်လေးတွေကို ကြည့်ရှုရင်း ရင်ထဲကခံစားချက်လေးတွေ မန့်ပေးသွားပါဦး..။

Source Awn Seng

Photo Credit Htet Paing Ye 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။