ဒီနှစ်ဘောလုံးရာသီကတော့မြန်မာ့ဘောလုံးလောကမှာကစားသမားတွေအနေနဲ့အောင်မြင်မှုလမ်းကြောင်းတွေကိုစတင်ဖောက်ခဲ့ပေမယ့် ကောင်းမွန်တဲ့ရလဒ်တွေတော့မရှိခဲ့ပါဘူး။ဒီနှစ်မှာတော့မြန်မာ့လက်ရွေးစင်ကစားသမားတွေဖြစ်တဲ့အောင်သူ၊ကျော်ကိုကို၊ဇော်မင်းထွန်း၊စည်သူအောင်နဲ့သိန်းသန်းဝင်းစတဲ့ကစားသမားတွေဟာထိုင်းပရီးမီးယားလိဒ်ကိုပြောင်းရွေ့ကစားခဲ့ကြတာပါ။

ပရိသတ်တွေမျှော်လင့်တဲ့အတိုင်းထိုင်းပရီးမီးယားလိဒ်မှာခြေစွမ်းပြဂိုးတွေသွင်းယူပြီးအောင်မြင်မှုတွေယူနိုင်မယ်ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့မြန်မာကစားသမားတွေဟာပွဲထွက်ကစားခွင့်ရဖို့ရုန်းကန်နေရတာပါ။ကောင်းမွန်တဲ့ခြေစွမ်းတွေရှိပေမယ့်လည်း မြန်မာကစားသမားတွေကို ပွဲတွေမှာထည့်သွင်းကစားတာရှားပါးနေတာပါ။စည်သူအောင်၊သိန်းသန်းဝင်းစတဲ့ကစားသမားတွေကတော့ အသင်းနဲ့စာချုပ်ဖျက်သိမ်းပြီးအမိနိုင်ငံကိုပြန်လာနေကြပြီဖြစ်ပါတယ်။

ပရိသတ်အချစ်တော်အောင်သူကလည်းထိုင်းလိဒ်ကလပ်မြောင်တောင်မှာပွဲထွက်ကစားခွင့်ရဖို့ရုန်းကန်နေရတာကြောင့် အမိမြေပြန်လာဖို့တောင်သတင်းတွေထွက်နေတာပါ။ဒါကြောင့်မြန်မာပရိသတ်တွေကြားမှာ ထိုင်းလိဒ်ဟာမြန်မာကစားသမားတွေကို ယုံကြည်မှုနည်းပါးတာကြောင့်ဝေဖန်မှုတွေမြင့်တက်နေတာပါ။ဒါကြောင့်ထိုင်းလိဒ်ဟာမြန်မာတွေအတွက် ကံကြမ္မာဆိုးလားလို့တောင်ထင်မှုတ်ရလောက်ပါတယ်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။