Priyanka Chopra နဲ့ Nick Jonas တို့ဟာဆိုရင် ခုချိန်မှာတော့ Italy မှာရှိနေကြတာဖြစ်ပါတယ်။ Sunday တုန်းကဆိုရင်တော့ Chopra ဟာသူမရဲ့ Instagram မှာ Sexy ကျကျရေကူးဝတ်စုံနဲ့ ပုံတွေကိုတင်ခဲ့ပါတယ်။ အဲ့ပုံတွေကိုတော့ သူရဲ့ချစ်ရသော ယောကျ်ားဖြစ်တဲ့ Nick Jonas ကရိုက်ကူးပေးထားတာဖြစ်ပါတယ်။ သူမရဲ့ အဲ့လိုပုံတွေကိုလဲ မတွေ့ရတာကြာပြီဖြစ်ပါတယ်။ 

နှစ်ယောက်ကလဲ နွေရာသီကို ခုလိုခရီးတွေထွက်ပြီး ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ်။ ရေကူးကန်ထဲမြှ သူမဟာ ဒူးကိုထောက်ပြီး ကြောင်အကြည့်နဲ့ကြည့်နေခဲ့ကာ လက်ထဲမှာတော့ ဖန်းခွက်ကိုကိုင်ထားပါတယ်။ Caption မှာဆိုရင်တော့ သူမဟာ Nick ကို Tag ထားပြီး 'Best use of a vacation. The hubby taking pictures.' ဆိုပြီးရေးထားခဲ့ပါတယ်။ တော်တော်ကိုချစ်ကြတဲ့ ချစ်သူဇနီးမောင်နှံတွေပဲဖြစ်ကြပါတယ်။ 

လင်ညီအစ်မတော်သူ Game of Thrones မင်းသမီးဖြစ်သူ Sophie Turner က 'All you ladies pop yo [booties] like this.' ဆိုပြီး အလန်းစား စာကိုမန့်ခဲ့ပါတယ်။ Chopra နဲ့ Nick တို့ဟာဆိုရင်လဲ သိပ်မကြာသေးခင်ကမှ ပြင်သစ်မှာ ကျင်းပပြုလုပ်သွားတဲ့ Joe နဲ့ Sophie တို့ရဲ့ ဒုတိယအကြိမ်မြောက် မင်္ဂလာဆောင်ကိုလဲ တက်ရောက်ခဲ့ကြပါသေးတယ်။ Joe နဲ့ Sophie တို့ဟာလဲ Nick နဲ့ Chopra တို့မင်္ဂလာဆောင်ပြီးနောက်မှ ပိုမိုနီးစပ်လာကြပါတယ်။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။