ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း Shawn Mendes နဲ့ Camila Cabello တို့ဟာဆိုရင် ခုချိန်မှာ တပူတူ တတွဲတွဲနဲ့ ပုံရိပ်တွေကိုတွေ့ရှိရမှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်က Just Friend လို့ပြောနေကြပေမဲ့လဲ ပရိသတ်တွေအမြင်နဲ့ လူတွေရဲ့အမြင်မှာတော့ သူတို့ဟာ ချစ်သူတွေလိုပါပဲ။ တွဲနေကြတဲ့ လူတွေလို့လဲ ပရိသတ်တွေက ယုံကြည်ထားကြပါတယ်။ ဟုတ်လဲဟုတ်သားပဲလေနော်....ဘယ်လိုသူတွေက အဲ့လောက်နီးစပ်ကြမှာလဲ။ 

နှစ်ယောက်ရဲ့သီချင်းဖြစ်တဲ့ Senorita MTV ထွက်ပြီးနောက်မှာ ပရိသတ်တွေမထင်ထားလောက်တဲ့ထိ နီးကပ်လာခဲ့ကြပြီး အခုလို ချစ်သူတွေလို့မြင်ရလောက်တဲ့ထိ ရှိနေခဲ့ပါတယ်။ နှစ်ယောက်လုံးကတော့ သူတို့ဟာသူငယ်ချင်းတွေပါလို့ပဲပြောထားကြပါတယ်။ Sunday တုန်းကဆိုရင်လဲ နှစ်ယောက်က West Hollywood မှာ Mendes ရဲ့ညီမဖြစ်သူ Aaliyah နဲ့ အမေဖြစ်သူ Karen တို့နဲ့ အတူပျော်ရွှင်စွာအချိန်ကိုဖြတ်သန်းခဲ့ကြပါတယ်။ 

အသက် ၂၀ရှိပြီဖြစ်တဲ့ Mendes နဲ့ အသက် ၂၂နှစ်ရှိပြီဖြစ်တဲ့ Cabello တိုကတော့ သူတို့ဆိကနေ တစ်ယောက်တောင်မှ တွဲနေပါတယ်ဆိုတဲ့ အကြောင်းကို အတည်မပြုကြပါဘူး။ ဘယ်လောင်တောင်ပိတ်ထားလဲဆိုရင် အမျိုးသမီး ပရိသတ်တစ်ယောက်က Cabello ကို နှစ်ယောက်ကချစ်သူတွေလားလို့မေးခဲ့တာကို သူမက ခေါင်းခါးပြခဲ့ပါတယ်။ အာ့ကြောင့်ပရိသတ်တွေလဲ သူတို့နှစ်ယောက်ပုံကိုကြည့်ပြီး Just Friend တွေလား ဘာလားဆိုတာကို ပရိသတ်ကြီးဘာသာ ဆုံးဖြတ်ကြည့်တော့ပေါ့။  

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။