၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ "Miss Universe Myanmar" အလှသရဖူဆိုကို ရရှိခဲ့တဲ့ ထက်ထက်ထွန်းကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်...။ မော်ဒယ်လ်လောကကနေ အနုပညာလောကထဲသို့ ဝင်ရောက်လာပြီး ခန္ဓာကိုယ်အချိုးအစား ပြေပြစ်သူတစ်ယောက်ဖြစ်ပါတယ်....။ ချစ်ဖို့ကောင်းတဲ့ မျက်နှာထားလေးနဲ့ လူတိုင်းအပေါ် အပြောအဆိုအမူအရာ ချိုသာပြေပြစ်လွန်းတဲ့အတွက်ကြောင့် ယောကျာ်းပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်။

ထက်ထက်ထွန်းဟာ စည်ပင်သာယာဝင် အမတ်လောင်းအဖြစ်လည်း ပြည်သူတွေရဲ့ အကျိုးတွေကို သယ်ပိုးဖို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလည်းဖြစ်ပါတယ်...။ ထက်ထက်ထွန်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေနဲ့၊ ကြော်ငြာမဂ္ဂဇင်း အများအပြားကို လက်ခံရိုက်ကူးလျက်ရှိတာဖြစ်ပါတယ်...။ ရုပ်ရှင်ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ထားပြီး ရိုက်ကွင်းမှာ မတော်တဆ ထိခိုက်မှု ကြောင့် ခြေထောက်မှာ ဒဏ်ရာရသွားပေမယ့် အနုပညာအလုပ်တွေကို ဆက်လက်ကြိုးစားလုပ်ကိုင်တာမလို့ လေးစားဖွယ် အားပေးကြရမှာပါ..။

ထက်ထက်ထွန်းက ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း " နှစ်ပါးသွား Update " ဆိုတဲ့ status လေးနဲ့တကွ ထိုရုပ်ရှင်ဇာတ်ကားကြီးရဲ့ red carpet show ပွဲတုန်းက သွားရောက်ရိုက်ကူးခဲ့တဲ့ အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့ official acc တွင် ထုတ်ဖော်ပြသထားတာပါ...။ Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Htet Htet Htun

Photo Credit A Linn Young

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။