သရုပ်ဆောင် မင်းသားချော နိုင်းနိုင်းကတော့ မင်းသားဒွေး၊ မင်းသား နေတိုး၊ မင်းသမီး အိန္ဒြာကျော်ဇင်တို့နဲ့အတူ တစ်ချိန်တည်းပေါ်ပေါက်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ လုပ်ကိုင်လာခဲ့တာ ဆယ်စုနှစ်ကျော်ကြာခဲ့ပြီဖြစ်တဲ့ နိုင်းနိုင်းက ယနေ့တိုင်အောင် လူပျိုပေါက်အရွယ်တုန်းကအတိုင်း နုပျိုချောမောနေဆဲ ဖြစ်ပါတယ်။ နိုင်းနိုင်းက ချစ်စရာကောင်းတဲ့ သား၊သမီးလေးတွေကို ပိုင်ဆိုင်ထားတဲ့ ကလေးလေးယောက်ရဲ့အဖေလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ နိုင်းနိုင်းတစ်ယောက် ရုပ်ရှင်ဇာတ်ကားအချို့နဲ့ ကြော်ငြာတွေ အဓိကလက်ခံရိုက်ကူးပေးနေတာ ဖြစ်ပါတယ်။ အခုလည်း နိုင်းနိုင်းက မော်ဒယ် လီလီကျော့ခိုင်နဲ့အတူ အမိုက်စား ကြော်ငြာလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ နိုင်းနိုင်းက ချောမောခန့်ညားတဲ့ရုပ်ရည်နဲ့ Gentleman တစ်ဦးလို အရမ်းကို စမတ်ကျနေတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း မင်းသားချော နိုင်းနိုင်းက ပျိုမဒီလေးတွေ ဝိုင်းဝိုင်းလည်တဲ့အထိ အားပေးခြင်းခံနေရတာပဲ ဖြစ်ပါတယ်။

နိုင်းနိုင်းနဲ့ လီလီကျော့ခိုင်တို့နှစ်ယောက်က " 21 North & The Saffron Collection" အတွက် အတွဲညီညီနဲ့ ရိုက်ကူးပေးခဲ့တာပဲ ဖြစ်ပါတယ်။ စတိုင်တစ်မျိုးစီနဲ့ ပို့စ်ပေးနေတဲ့ နိုင်းနိုင်းတို့နှစ်ယောက်ကတော့ နိုင်ငံခြားမော်ဒယ်တွေလို့တောင် ထင်မှတ်ရလောက်တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော နိုင်းနိုင်းနဲ့ မော်ဒယ်မလေး လီလီကျော့ခိုင်ရဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Li Li Kyaw Khaing;

Photograph Credit- Kyaw Thu Han (Fred photography) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။