ပရိသတ်တွေကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေအချစ်တွေကို အခိုင်အမာရရှိထားတဲ့ မော်လ်ဒယ်သရုပ်ဆောင် အောင်လေးကတော့ မိန်းကလေး ပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

ချောမောခန့်ညားပြီး ယောင်္ကျားပီသတဲ့ ပုံရိပ်လေးတွေနဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် မော်လ်ဒယ်သရုပ်ဆောင်လောကမှာ အောင်မြင်မှုတွေနဲ့ ရပ်တည်နေသလို ပျော်ပျော်နေတတ်တဲ့ လူငယ်ပီပီ မကြာခဏ သူငယ်ချင်းတွေရဲ့ ဆေးထိုးစနောက်ခံရတာလည်း တွေ့ရပါတယ်နော်..။


အခုတစ်ခါမှာလည်း ညီအစ်ကိုတွေကို ချစ်ခင်ပြီး အမြဲအတွဲညီကြတဲ့ အဆိုတော်စစ်သွေးက ဗိုက်ပေါ်မှာ လာအိပ်ပြီး အိပ်မောကျကာ ဟောက်နေတဲ့ အောင်လေးကို ဗီဒီယိုရိုက်ပြီး စနောက်လိုက်ပါတယ်နော်..။

စစ်သွေးရဲ့ ဗိုက်ပေါ်မှာ အိပ်ရင်း ဟောက်နေတဲ့ အောင်လေးကို ဗီဒီယိုလေး ရိုက်ပြီး ဆေးထိုးစနောက်ထားတာဖြစ်ပြီး အဲ့ဒီပို့စ်ရဲ့အောက်မှာ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း သဘောကျနေကြတာ တွေ့ရပါတယ်နော်..။


အိပ်နေရင်း ဟောက်နေတဲ့ အောင်လေးရဲ့ ဗီဒီယိုဖိုင်လေးကိုတော့ စစ်သွေးက ပရိသတ်တွေကိုလည်း အပျော်သဘောလေး ပြန်လည်မျှဝေလိုက်တာဖြစ်ပြီး “ဟောက်တာ ဟောက်တာ ဆိုတာ ဗိုက်ပေါ်တောင်လာတက်ဟောက်တယ်..” ဆိုပြီးတော့လည်း ရေးသားထားတာမို့ အားလုံးကလည်း သဘောကျနေကြတာပါနော်..။

ဒီကနေ့လေးမှာတော့ အောင်လေးနဲ့ စစ်သွေးတို့ရဲ့ အခွီဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - စစ်သွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။