ပြည်တွင်း အဖိုးတန်ရတနာတွေထဲမှာ သစ်တွေကတော့ များစွာပါဝင်နေပါတယ်။ နိုင်ငံခြားသို့တရားမဝင်တင်ပို့ရောင်းချမှုတွေများစွာရှိနေပြီး ပြည်တွင်း တရားမဝင်လုပ်ဆောင်မှုတွေလည်း ရှိနေကြောင်း သိရပါတယ်။ အဆိုပါ တရားမဝင်သစ်လုပ်ငန်းတွေကို ရှာဖွေမှု အရေးယူမှုတွေကို မကြာခဏပြုလုပ်လေ့ရှိပြီး မကြာသေးမီကလည်း ကျွန်းသစ်များစွာကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖြစ်စဉ်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊အင်းတော်မြို့နယ်အတွင်းရှိမံမော်ကြိုးဝိုင်း နှင့် နမ့်ဖယ်ကြိုးဝိုင်းအတွင်းမှ တရားမဝင်ကျွန်းသစ်လုံး၊ကျွန်းခွဲသားများနှင့်အတူတရားမဝင်သစ်ခွဲစက်များဖမ်းမိခဲ့ကြောင်း သိရပါတယ်။ဖြစ်စဉ်မှာ မနေ့က ၁၀နာရီခန့်တွင် ကသာခရိုင် သစ်တောဦးစီးဋ္ဌာနမှလ/ထညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦး ဦးဆောင် သော သစ်တောဝန်ထမ်းများသည် သစ်တောလုံခြုံရေးရဲတပ်ဖွဲဝင်များ လိုက်ပါလျှက် အင်းတော်မြို့နယ် အတွင်းနယ်မြေရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါတယ်။  

အဆိုပါ လုပ်ဆောင်မှုတွင် အင်းတော်မြို့နယ် ၊မံမော်ကြိုးဝိုင်းအတွင်းရှိ အကွက် အမှတ်(၅၀)(၅၆)(၅၇)(၇၂)(၇၃)နေရာများနှင့် နမ့်ဖယ်ကြိုးဝိုင်း အကွက်အမှတ် (၇၂)နေရာများမှ တရားမဝင် ကျွန်းသစ်လုံးများနှင့်ကျွန်းခွဲသား(၈၃ ဒသမ ၃၉၁၆)တန်၊ သစ်စက်ငါးလုံးဖမ်းဆီးရမိခဲ့ပြီး တရားမဝင်သစ်ခွဲ စက်ပြု လုပ်နေ သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ပြင်တွင်းဖမ်းဆီးရရှိခဲ့တဲ့ သစ်ခိုးထုတ်မှုပုံရိပ်များကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

source - the mirror daily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။