သရုပ်ဆောင်လောကမှာပရိသတ်တွေတစ်ခဲနက်အားပေးနေရုံသာမက အနုပညာရှင်အချင်းချင်းကတောင်ချီးကျူးနေရတာကတော့ မင်းသားချောလေးနေတိုးပဲဖြစ်ပါတယ်။သူ့ရဲ့အကောင်းဆုံးပီပြင်တဲ့သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုတွေကိုပါသိမ်းပိုက်နိုင်တဲ့မင်းသားချောလေးဖြစ်ပါတယ်။အနုပညာအလုပ်တွေမှာအောင်မြင်နာမည်ကျော်ကြားနေပေမယ့်လည်း မာနမထားပဲဖြူစင်ရိုးသားတဲ့စိတ်ဓာတ်လေးတွေကြောင့် တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အချစ်တော်တစ်ယောက်ဖြစ်နေရတာပါ။

သူကတော့လက်ရှိမှာလည်းရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေတာဖြစ်ပြီးသူ့ဇာတ်ကားကြီးတွေတိုင်း ကိုပရိသတ်တွေစောင့်မျှော်နေကြတာပါ။သူ့ဇာတ်ကားတိုင်းကလည်းကြည့်နေတဲ့ပရိသတ်ကို အပြင်မှာဖြစ်နေတဲ့အတိုင်းသဘာဝကျကျသရုပ်ဆောင်ပြနိုင်တဲ့သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာသာမကနိုင်ငံခြားမင်းသမီးတွေနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ကူးရပြီး နိုင်ငံခြားမင်းသမီးတွေကပါသူ့ကိုမချီူးကျူးပဲမနေနိုင်ဖြစ်ရတာပါ။သူကတော့ခုမှာလည်း ရိုက်ကွင်းပေါ်ကပုံရိပ်လေးကိုတင်ထားတာဖြစ်ပြီးပရိသတ်တွေကလည်း ပုံရိပ်လေးတွေကြောင့်သူ့ရဲ့ရိုက်ကူးနေတဲ့ဇာတ်ကားကြီးကိုစိတ်ဝင်စားနေကြတာပါ။အမိုက်စားကားကြီးပေါ်ကပုံရိပ်လေးတွေကနောက်ထပ်ပရိသတ်ကြီးကိုဘယ်လိုဇာတ်ကားသစ်တွေနဲ့ဖမ်းစားမလဲဆိုတာကတော့စိတ်ဝင်စားဖွယ်အားပေးကြပါဦးနော်။

Photo - Nay Toe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။