လက်ရှိအချိန်မှာတော့ အီရန်နိုင်ငံရဲ့ နျူကလီးယား လုပ်ငန်းစဉ်တိုးချဲ့မယ်ဆိုတဲ့ အရေးကိစ္စဟာ နိုင်ငံတော်တော်များများဟာ တော်တော်လေး ဂရက်ရိုက်စေခဲ့တဲ့ ကိစ္စတစ်ခုအဖြစ်ရှိလို့နေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့လည်း အီရန်နဲ့ ဒီဆုံးဖြတ်ချက်အပေါ် သတိပေးပြောကြားခဲ့သလို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း ပြောကြားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

သူပြောကြားခဲ့တာကတော့ ဥရောပသမဂ္ဂ အနေနဲ့ အီရန်နိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ တိုက်တန်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် အီရန်အပေါ် ပိတ်ဆို့မှုတွေ ပြုလုပ်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရပ်တည်ချက်နဲ့အတူ ဥရောပသမဂ္ဂအနေနဲ့လည်း ပေါင်းစည်းဖို့လိုတယ်လို့ ပြောကြားခဲ့ပါသေးတယ်။

အီရန်အစိုးရအနေနဲ့ကတော့ ယခုပြောကြားမှုတွေကို တုန့်ပြန်တာမျိုးမတွေ့ရသေးပါဘူး ။

သူ့အနေနဲ့လည်း နျူကလီးယားလုပ်ငန်းစဉ် တိုးချဲ့မယ်ဆိုပေမယ့် နျူကလီးယားလက်နက် တီထွင်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောကြားထားကြောင်း သိရပါတယ်။

Source - Reuters 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။