နူးရ်ဟာဆန် ဟာ အဝလွန်နေတဲ့ လူသားတစ်ယောက်ဆိုပြီး ကမ္ဘာပေါ်က လူတော်တော်များများ သိကြတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

သူဟာ ပါကစ္စတန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့လကမှ အဆီပိုတွေ ဖယ်ထုတ်ပစ်တဲ့ ခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်ထားတာ ပဲဖြစ်ပါတယ်။

သို့ပေမယ့် နှလုံးရောဂါလည်းရှိတဲ့ သူ့ရဲ့အခြေအနေဟာ စောင့်ကြည့်ဖို့လိုအပ်တာကြောင့် ဆေးရုံက ICU ခန်းထဲမှာ နေထိုင်နေရတာပါ။

သို့ပေမယ့် မနေ့က ဇူလိုင်လ ၈ ရက်နေ့မှာတော့ ခွဲစိတ်မှုရလာဒ်တွေလည်းကောင်းမွန်ခဲ့တဲ့ သူ့ထံကို ကံကြမာဆိုးကြီးတစ်ခု ကျရောက်လာခဲ့ပါတယ်။

ဘာလဲဆိုရင် သူဟာ ICU ခန်းထဲက လူတစ်ယောက်သေဆုံးသွားတာကို သက်ဆိုင်ရာမိသားစုတွေ ရုန်းရင်းဆန်ခတ်ဖြစ်တာကို မြင်တွေ့ပြီး နှလုံးရပ်ကာ သေဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။

သူ့ရဲ့အသက်ကိုကယ်ဖို့ ဆရာဝန်တွေဟာ အစွမ်းကုန်ကြိုးစားခဲ့ကြပေမယ့်လည်း မကယ်တင်လိုက်နိုင်ဘဲ သေဆုံးသွားခဲ့ရတာပါ။

သူ့ရဲ့ ဇနီးသည်ဟာဆိုရင်လည်း နူးရ်ဟာဆန်သေဆုံးရတာက ဆေးရုံကမှန်တွေကို ရိုက်ခွဲပြီး ဆေးရုံဝန်ထမ်းတွေကို ရိုက်နှက်နေတဲ့ ပထမသေဆုံးသူရဲ့ မိသားစုဝင်တွေ ကြောင့်ဆိုပြီး ပြစ်တင်ပြောဆိုနေတာ တွေ့ရပါတယ်။

လူဆိုတာ သေနေ့စေ့လာပြီဆိုရင် တားမရဘူးဆိုပေမယ့် အခြားသူတစ်ယောက်သေဆုံးမှုကို လက်မခံနိုင်ဖြစ်ကာ သောင်းကျန်းနေတဲ့ မိသားစုဝင်တွေကိုမြင်ပြီး နှလုံးရပ် သေဆုံးသွားတဲ့ ချစ်ခွင်ပွန်းရဲ့ ဖြစ်ရပ်ကို လက်တွေခံစားလိုက်ရတဲ့ ဇနီးသည်အတွက်ကတော့ တကယ့်ကို ခံစားရခက်လှတဲ့ ဖြစ်ရပ်ကြီးတစ်ခုပါပဲ။

Source- News18

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။