မုဆိုးတစ်ယာက်ဟာ သမင်ပေါင်းအကောင်တစ်ရာလောက်ကို သတ်ခဲ့တဲ့အမှုနဲ့ ပတ်သက်ပြီး တရားသူကြီးက သူ့ကို ကမ္ဘာကျော် Walt Disney ကာတွန်းကားတစ်ကားဖြစ်တဲ့ " Bambi " ကားကို အနည်းဆုံးတစ်လမှာ တစ်ကြိမ်ကြည့်ရန် တစ်နှစ်လုံးစာအတွက် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ထူးခြားတဲ့ပြစ်ဒဏ်ချမှုတစ်ခုပါပဲ။ အဲ့ကားကိုပဲ သူတစ်နှစ်ပတ်လုံးမှာ ကြည်နေရမှာပဲဖြစ်ပါတယ်။  

Brookline, Missouriပြည်နယ်က အသက်၂၉နှစ်ရှိပြီးဖြစ်တဲ့ David Berry Jr ဟာသူထောင်ကျနေတဲ့ တစ်နှစ်လုံးမှာ " Bambi " ဆိုတဲ့ကားကိုပဲကြည့်နေရတော့မှာပါ။ သူအဖေနဲ့သူတို့ညီအစ်ကိုတွေဟာ Missouri ပြည်နယ်ရဲ့ သမိုင်းမှာ ဥပဒေနဲ့မလွတ်ကင်းတဲ့အကြီးဆုံးအမှုကိုပြုလုပ်ခဲ့ကြပါတယ်။ သူတို့တွေဟာ အမဲလိုက်ရာသီကုန်သွားသော်လည်း သမင်တွေကို အမဲလိုက်ကာ ပုံမှန်မဟုတ်တဲ့လက်နက်တွေကို သုံးပြီး သမင်တွေကို သတ်ခဲ့ကြပါတယ်။ သူတို့သတ်ပုံတွေက လူမဆန်ကြပါဘူး။ 

ပြည်နယ်တရားသူကြီးက " သမင်တွေဟာ လူမဆန်စွာ အသတ်ခံရပြီး...အထူးသဖြင့် ညဘက်မှာ သတ်ကြကာ...သမင်တွေရဲ့ခေါင်းတွေကို ဆုအဖြစ်ယူထားကြပြီး ခန္ဓာကိုယ်တွေကိုတော့ စွန်ပစ်ထားခဲ့ကြပါတယ်...ထို့အတွက်ကြောင့် ၂၃ ဒီဇင်ဘာ ၂၀၁၈ ကနေစပြီး Walt Disney ရဲ့ Bambi ကားကိုထောင်ကျနေစဉ် တစ်နှစ်လုံးကြည့်ရူ ရန် " ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ Bambi ကားဟာဆိုရင် ၁၉၄၂ ရဲ့ အကောင်းဆုံးကားတစ်ကားဖြစ်ပြီး Bambi အမေက မုဆိုးတွေရဲ့အဓိကပစ်မှတ်ဖြစ်ကာ သမင်ပေါက်လေးတစ်ကောင် ကိုယ်ဝမ်းကိုယ်ကျောင်း တဲ့ကားလေးပဲဖြစ်ပါတယ်။ 

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။