အသက် ၄၂နှစ်ရှိပြီဖြစ်တဲ့ Caroline Barnett ဆိုတဲ့မိန်းမဟာ ရေကူးနေချိန်မှာ သူမရဲ့ခြေထောက်နားမှာတစ်ခုခု လာပတ်နေတယ်လို့ခံစားနေမိခဲ့ပြီး စိုးရိမ်ကြီးစွာဖြင့် ကမ်းပေါ်သို့ပြေးတက်ခဲ့ပါတယ်။ ထို့နောက် ရေထဲမှ ရာဇဝင်တွေထဲက သတ္တဝါတစ်ကောင်ပေါ်လာတာကို မြင်တွေ့ခဲ့ရပြီး ချက်ချင်းကို ဖုန်းပြေးယူကာ live လွှင့်ခဲ့ပါတယ်။ ၎င်းသတ္တဝါကို လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းကလဲ တစ်ခါတွေ့ခဲ့ဖူးပါသေးတယ်။ 

သူမက " အဲ့သတ္တဝါက ပေါ်လာလိုက်ပြန်ငုံ့လိုက်နဲ့ အကြိမ်ကြိမ် ဖြစ်ပေါ်လျက်ရှိပြီး..... ကျွန်မ Loch Ness ကိုလွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ရောက်ခဲ့ပြီး ခုလိုတစ်ခါမှအဲ့သတ္တဝါကိုမမြင်ဖူးပါဘူး....ဒါထူးခြားတဲ့ Christmas လက်ဆောင်ပဲလားမသိဘူး....ကျွန်မဖုန်းနဲ့ videoရိုက်ခဲ့ပေးမယ် ခနလေးပဲရိုက်နိုင်ခဲ့ပြီး ဖုန်းအားကုန်ခဲ့ပါတယ် " လို့ပြောကြားခဲ့ပါတယ်။ အစကသူမက အဲ့အရာကို လှေလို့ထင်ခဲ့ပေမဲ့ ငုံ့လိုက်ပေါ်လိုက်ဆိုတော့ လှေလို့မထင်တော့ပဲ ချက်ချင်းကိုရိုက်ကူးခဲ့ပါတယ်။ videoကိုကြည့်ခဲ့တဲ့သူတွေကတော့ မှတ်ချက်အမျိုးမျိုးပေးကြပါတယ်။  

တချို့က ဒါထူးဆန်းတဲ့သတ္တဝါလို့ပြောကြပြီး တချို့ကတော့ အတုလို့ပြောကြပါတယ်။ အဲ့သတ္တဝါကို ၁၉၉၆ မှာတုန်းက Mr.Campbellဆိုသူက မြင်ခဲ့ဖူးတယ်လို့လဲပြောပြခဲ့ပါတယ်။ သူထက်ရှေးကြတာကတော့ ၁၉၃၄မှာ Colonel Robert Kennth Wilson ရိုကခဲ့တဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။ အဲ့ခေတ်တုန်းကတော့ လူတွေက သူကိုပြစာတင်ပြောဆို လုပ်ကြံတယ်လို့ပြောခဲ့ကြပါတယ်။ စာဖတ်သူရော videoကိုကြည့်ပြီး ဆုံးဖြတ်လိုက်ပါအုန်း......အစစ်လား အတုလားလို့။ 

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။