၁၈၇၂ခုနှစ် ဒီဇင်ဘာ၄ရက်နေ့မှာ သင်္ဘောသားတွေပျောက်နေတာကလွဲလို့ ကျန်တဲ့အရာအားလုံးဟာ ပုံမှန်ဖြစ်နေပါတယ်။ Mary Celeste ဆိုတဲ့သင်္ဘောာကြီးဟာ New York ကနေ Italy မြို့တို့ သွားတဲချိန်မှာ သောင်တင်နေခဲ့တာကို တွေ့ခဲ့ရပြီး သင်္ဘောပေါ်က ကပ္ပတိန်ကတော့ Benjamin Briggs ဖြစ်ကာ သူနဲ့အတူ သူမိန်းမနဲ့ ၂နှစ်ရွယ် သမီးလေးတစ်ယောက်ပါလာခဲ့ပါတယ်။ ထို့အပြင် သင်္ဘောသား ၇ယောက်လဲပါဝင်ပါတယ်။ ဒါပေမဲ့ ရက်အနည်းငယ်ကြာပြီးနောက်မှာတော့ ဗြိတိန်သင်္ဘောဖြစ်တဲ့ Dei Gratia သင်္ဘောက Mary Celeste သင်္ဘောကြီးကို Atlantic ထဲမှာ ရွက်လွင့်နေတာတွေ့ခဲ့ရပါတယ်။  

ထူးဆန်တာက အဲ့သင်္ဘောကြီးပေါ်မှာ သင်္ဘောသားတွေ မရှိသည့်အပြင် အသက်ကယ်လှေတွေလဲ ပျောက်နေတာကိုတွေ့ရပါတယ်။ ကုန်ပစ္စည်းထားတဲ့နေရာမှာလဲ စည်ပိုင်း၉ခုဟာလဲ အထဲမှာဘာမှမရှိပဲဖြစ်နေပြီ သင်္ဘောကုန်းပတ်မှာလဲ ဓါးတစ်လက်ကို တွေ့ရှိပါတယ်။ ဒါပေမဲ့ သင်္ဘောကို ဓါးပြတိုက်တဲ့ လက္ခဏာ တစ်ခုတောင်မတွေ့ရှိပဲ ဘာဖြစ်လို့ခုလိုဖြစ်ရတာပါလိမ့်။ သင်္ဘောအကြောင်းကိုလေ့လားတဲ့ ကျောင်းသားတွေကတော့ ဖြစ်နိုင်ခြေတစ်ခုပြီးတစ်ခု ပြောနေကြပေမဲ့ အဲ့ထဲကတစ်ခုကတော့ ဘာမြူဒါြျတိဂံ အကြောင်းပဲဖြစ်နေပါတယ်။  

ဘာမြူဒါြျတိဂံ ကတော့ အရမ်းကို ထူးခြားဆန်းပြားလွန်ကာ ဘယ်သူမှ ဘယ်အရာမှ ဝင်ပြီး ပြန်ထွက်လာလေ့မရှိကြောင်းကို လေံလာတွေ့ရှိချက်တွေ အရသိရပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ဒီလို သင်္ဘောကြီး တစ်ခုလုံးကိုထားခဲ့ပြီး ဘယ်ကိုပျောက်သွားရတာပါလိမ့်....သင်္ဘောပေါ်မှာ ပင်လယ်ဓါးပြတွေ တိုက်ခိုက်လို့လား....မဖြစ်နိူင်ပါဘူး။ ဘာလို့လဲဆိုတော့ ပင်လယ်ဓါးပြတွေသာတိုက်ခိုက်ရင် ခုလိုမျိုး အသက်ကယ်လှေတွေပျောက်ပြီး စည်ပိုင်းထဲမှာ ဘာမှမရှိတာနဲ့ ဓါးတစ်လက်ကိုတွေ့တာကလွဲပြီး ကျန်တာ အကောင်းပတိပါ။ ဘာမြူဒါ တြိဂံကြောင့်ပဲလား......။ 

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။