ယနေ့ခေတ်မှာဆိုရင်တော့ ကောင်လေးတော်တော်များများဟာ Game ကိုတော်တော်ဆော့လာကြပြီး တစ်ခါတစ်လေ ချစ်သူတွေကိုတောင် ပစ်ထားတက်လေ့ရှိပါတယ်။ အဲ့လိုတွေကြောင့် ပြဿနာတွေတက်ပြီး ပြတ်သွားကြတဲ့ အတွဲတွေလဲရှိပါတယ်။ ပရိသတ်ကြီးထဲမှာလဲ ရှိမယ်လို့ထင်ပါတယ်။ တကယ်တော့ ဒါကရှင်းရှင်းလေးပါ...ကိုယ်တကယ်သူ့ကိုချစ်ရင် Game ဘက်ကြီးပဲ မလိုက်ပဲ ကောင်မလေးကိုလဲ အချိန်ပေး ဂရုစိုက်ပေးပါ။ ချစ်လို့ကို့ယ်ဘက်ကနေစပြီး ချစ်တယ်လို့ပြောထားတာလေ။ 

ဒါကိုရည်စားတွေဖြစ်တော့မှ Game တစ်ခုကြောင့်နဲ့ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ပြတ်မှာလား။ အဲ့လိုလုပ်တဲ့ ယောကျ်ားတွေက တကယ်တော့ ပြန်ပြောဖို့တောင် မတန်ပါဘူး။ ကောင်လေးတွေကိုလဲ ကိုယ့်ချစ်သူပဲ အချိန်ပေးနေဖို့ပြောတာမဟုတ်ပါဘူး။ Game ကိုလဲဆော့ပြီး ချစ်သူကိုလဲ အချိန်ပေးပါ။ အဲ့လိုမပေးနိုင်ရင် အစကတည်းက ချစ်တယ်ဆိုပြီး လျှာရိုးမပါပဲ အရသာခံမပြောသင့်ပါဘူး။ တကယ်လို့ သင် Game ဆော့နေချိန်ဖုန်းဆက်ရင် ကိုယ် Game ဆော့နေတာမို့ ပြီးရင် တက်လာမယ်ဆိုတဲ့အကြောင်း စိတ်အေးလေးထားပြီးပြောပြပါ။ 

Game က ရှံးသွားလို့ နိုင်သွားလို့ကြောင့်နဲ့ ဘာမှမဖြစ်ပါဘူး။ ကိုယ့်ကိုချစ်တဲ့သူကို တန်ဖိုးထားတတ်ရမယ်ဆိုတာကိုလဲ သိမယ်လို့ထင်ပါတယ်။ မိန်းကလေးဘက်ကလဲ Game ဆော့နေတာကို နားလည်ပေးပြီး အချိန်တစ်ခုထိစောင့်ပေးပါ။ စောင့်နေတာထက်ကြာသွားရင်တော့ ကောင်လေးဘက်မှာ အပြစ်ရှိပါတယ်။ အာ့ကြောင့်လဲ ကောင်လေးဘက်ကနေပြီး ကိုယ်ကောင်မလေးဖုန်းဆက်ချိန်မှာ ဆော့နေတဲ့ပွဲကိုပြီးတာနဲ့ ချစ်သူကောင်မလေးကိုပဲ အချိန်ပေးလိုက်ပါ။ ချစ်သူတွေဆိုတာ ချစ်လို့ဖြစ်လာကြတာမို့တန်ဖိုးထားတက်ပါစေ။ Game ကိုလဲ ကောင်မလေးရှိချိန်မှာ မကစားဖို့ပြောနေတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် နားလည်မှုထားပြီး တန်ဖိုးထား လေးစားရင် Game ကိုလဲဆော့ရမှာဖြစ်ပြီး ချစ်သူကလဲ ချစ်နေမှာဖြစ်ပါတယ်။ 

Source : Mg Hla 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။