ပရိသတ်ကြီးရေ ခန့်ညားချောမောပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်မင်းသားတစ်လက်ဖြစ်တဲ့ နိုင်းနိုင်းကတော့ အခုချိန်မှာဆိုရင် ကလေး၄ယောက်ရဲ့ဖခင်ဖြစ်နေပါပြီနော်။ချောမောလှပတဲ့ဇနီးလေးကိုလည်း ပိုင်ဆိုင်ထားလို့ ပျော်ရွှင်စရာမိသားစုဘဝလေးမှာအေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။နိုင်းနိုင်းက အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကိုတော့ ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

နိုင်းနိုင်းကတော့ ကလေး၄ယောက်ရဲ့ဖခင်တစ်ယောက်လို့မထင်ရလောက်အောင် နုပျိုခန့်ညားခြင်းတွေနဲ့ သပ်ရပ်ချောမောနေတုန်းပဲဖြစ်ပါတယ်။နိုင်နိုင်းရဲ့မိသားစုကတော့ နိုင်ငံရပ်ခြားမှာအခြေချနေကြပြီး နိုင်းနိုင်းကတော့ သွားလိုက်ပြန်လိုက်လုပ်ပြီး အနုပညာအလုပ်တွေကိုလုပ်ဆောင်နေတာဖြစ်ပါတယ်။နိုင်းနိုင်းရဲ့ချစ်ဇနီးကလည်း ခင်ပွန်းအပေါ်နားလည်မှုအပြည့်ပေးကာ ကလေးတွေကိုလည်း သေချာဂရုစိုက်စောင့်ရှောက်လို့ ပါရမီဖြည့်ဖက်ကောင်းပီသပါတယ်နော်။

နိုင်းနိုင်းကတော့ ချစ်စရာသမီးလေးသုံးယောက်ရယ် သူနဲ့တူတဲ့အရမ်းချောတဲ့သားလေးတစ်ယောက်ရယ်ကိုပိုင်ဆိုင်ထားလို့ မိသားစု၆ယောက်က သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ရွှင်စရာကောင်းလှပါတယ်နော်။အခုဆိုရင်တော့ နိုင်းနိုင်းက မိသားစုလေးနဲ့အတူဆုံပြီး ကလေးတွေက"welcome home daddy"ဆိုပြီး နွေးထွေးစွာကြိုဆိုကြသလို ဖေဖေနိုင်းနိုင်းကလည်း" ကျွန်တော့်ကို စောင့်မျှော်နေသော ကျွန်တော်၏ကလေးများ."ဆိုပြီး မိသားစုပုံရိပ်လေးတွေကို မျှဝေလာပါတယ်နော်။

Source:Actor 99

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။