ပရိသတ်ကြီးရေ အဆိုတော်လင်းလင်းနဲ့ အဆိုတော် သရုပ်ဆောင် ချစ်သုဝေတို့မိသားစုလေးကတော့ လူချစ်လူခင်အရမ်းပေါများတဲ့မိသားစုလေးပဲဖြစ်ပါတယ်နော်။ချစ်စရာသမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်ကလည်း ချစ်စမွှေးပါကြပြီး တွေ့မြင်တဲ့သူတိုင်းကချစ်ကြပါတယ်။အဆိုတော်လင်းလင်းကလည်း အနုပညာအလုပ်တွေကိုပုံမှန်လုပ်ဆောင်နေသလို မေမေချစ်သုဝေကလည်း သမီးလေးနှစ်ဖက်နဲ့ပဲ အနုပညာအလုပ်တွေကိုတတ်နိုင်သလောက်လုပ်ဆောင်နေတာပါ။

လင်းလင်းနဲ့ချစ်သုဝေတို့ဇနီးမောင်နှံက တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်ပေးကြပြီး ရှေ့သွားနောက်လိုက်ညီတဲ့ဇနီးမောင်နှံပါ။ပရဟိတအလုပ်ဆိုလည်း စွမ်းစွမ်းတမံလုပ်ဆောင်ကြတဲ့ လင်းလင်းနဲ့ချစ်သုဝေက"ခေတ်သစ်ဖောင်ဒေးရှင်း"ကိုတည်ထောက်ထားပြီး မွေးရာပါနှလုံးအပေါက်ပါကလေးလူနာများကို တာဝန်ယူပြီး ခွဲစိတ်ကုသပေးနေတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ လင်းလင်းက"ဇွန်လအတွက် ခေတ်သစ်ဖောင်ဒေးရှင်းမှတာဝန်ယူ ကူညီပေးခဲ့သည့် မွေးရာပါနှလုံးအပေါက်ပါ ကလေးလူနာများ ကျန်းမာစွာဖြင့် နေထိုင်လျက်ရှိသည်ကိုတွေရသဖြင့် အင်မတန်ဝမ်းမြောက်မိပါသည်။

ခေတ်သစ်ဖောင်ဒေးရှင်းသို့ ယုံကြည်စွာဖြင့် ဝိုင်းဝန်းလှူဒါန်းပေးကြပါသော စေတနာရှင်များအား ကျေးဇူးအထူးတင်ရှိသလို ခွဲစိတ်မှုများအား အောင်မြင်စွာဆောင်ရွက်ပေးပါသော မွေးရာပါနှလုံးခွဲစိတ်ကုသရေး (ရန်ကင်းကလေးဆေးရုံ) အဖွဲ့အား ကျေးဇူးအထူးတင်ရှိပါကြောင်း ခေတ်သစ်ဖောင်ဒေးရှင်းမှ မှတ်တမ်းတင်အပ်ပါသည်။"ဆိုပြီး ကလေးလေးတွေရဲ့ကျန်းမာစွာနေထိုင်နေတဲ့ပုံရိပ်လေးတွေကိုမျှဝေလာလို့ ပရိသတ်ကြီးလည်းဝမ်းမြောက်စေရအောင် မျှဝေပေးလိုက်ပါတယ်နော်။

Source:Htwe Lynn Ko/ခေတ်သစ်ဖောင်ဒေးရှင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။