ပရိသတ်တွေတစ်ခဲနက်အားပေးကြပြီး လက်ရှိမှာလည်းထိပ်တန်းမင်းသမီးနေရာမှာရပ်တည်နေသူလေးကတော့ မင်းသမီးချောလေး သင်မွန်မြင့်ပဲ ဖြစ်ပါတယ်။ သူမဟာ လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးများရိုက်ကူးနေသူလေးလည်း ဖြစ်ပါတယ်။ အနုပညာလောကမှာအောင်မြင်ရုံသာမကပဲ သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုဖန်တီးတည်ဆောက်ထားနိုင်တာပဲ ဖြစ်ပါတယ်။

သူမဟာ အခုချိန်မှာတော့ပျော်ရွှင်စရာကောင်းတဲ့မိသားစုလေးကိုဖန်တီးတည်ဆောက်ထားပင်မယ့်လည်း ပရိသတ်တွေအတွက်အနုပညာအလုပ်တွေကိုလည်း အစွမ်းကုန်ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ သားသမီးတွေဟာလည်း အရမ်းကိုလိမ္မာရေးခြားရှိကြပြီး ပညာရေးမှာလည်း ထူးချွန်တာကြောင့် ချစ်သက်လေးကတော့ကြည်နူးပီတိဖြစ်နေရတာပါ။ သူမဟာ အားလပ်ချိန်လေးများတွင်လည်း အချစ်ဆုံးသူငယ်ချင်းများကိုလည်း အချိန်ပေးတတ်ပါသေးတယ်။

သူမရဲ့သူငယ်ချင်းများနဲ့လည်းအတူတကွစားသောက်ပြီးပျော်ရွှင်စရာအချိန်လေးတွေကို ကုန်ဆုံးလေ့ရှိတာလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း သူငယ်ချင်းတွေဖြစ်ကြတဲ့ မပုံ့၊ခင်လေးနွယ်၊ ဖူးစုံတို့နဲ့အတူ ပျော်ပျော်ပါးပါးသီချင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။ သူတို့သီဆိုနေကြတာကိုတော့ လူမှုကွန်ယက်စာမျက်နှာမှာ Live လွှင့်ခဲ့တာပဲဖြစ်ပြီး ပရိသတ်ကြီးလည်းကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- BFF 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။