လှရက်နိုင်လွန်းသူလေး ဝါဆိုတစ်ယောက် သူမရဲ့ရင်ခုန်ဖွယ်ရာပုံရိပ်တွေကို ဝေမျှ လိုက်ပြန်ပါပြီ ပရိသတ်ကြီးရေ။ ဘယ်အချိန်ကြည့်ကြည့် ရင်ခုန်သံတွေကိုလှုပ်ရှားသွား အောင်ပြုစားနိုင်တဲ့ ခပ်စူးစူးအကြည့်တွေက သူမရဲ့ဆွဲဆောင်မှုတစ်ခုပါ။ အချိန်တိုင်း လှရက်နိုင်လွန်းသူလေးကြောင့် ချစ်ခင်အားပေးတဲ့ ပရိသတ်တွေလည်း အချစ်တွေပိုပိုပြီး တိုးလာရပါတယ်။

ချစ်သူအဆိုတော်ဖြိုးလေးနဲ့လည်း ပျော်စရာကောင်းတဲ့ အချစ်ကမ္ဘာလေးကို တည်ဆောက်ထားပြီး နှစ်ယောက်သားလက်တွဲလာတဲ့သက်တမ်းဟာလည်း သုံးနှစ်နီး ပါးကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ အရင်က မကြာခဏဆိုသလို ကတောက်ကဆလေးတွေ ဖြစ်တတ်ပေမယ့် အခုနောက်ပိုင်းမှာတော့ နှစ်ယောက်သား ပြေပြေလည်လည်နဲ့ ချစ်နေကြတာလေးတွေကတော့ ကြည်နူးစရာပါ။

မကြာခဏဆိုသလို ခင်မင်ရသူတွေနဲ့ ခရီးထွက်တတ်ပြီး ပျော်စရာကောင်းတဲ့ အမှတ်တရ တွေကို အတူတူဖန်တီးတတ်ကြပါတယ်။ ဝါဆိုတစ်ယောက် ဒီနောက်ပိုင်းမှာ အရင်က ထက် ပိုပိုပြီးလှလာတဲ့ အကြောင်းအရင်းက ချစ်သူကပိုပြီးဂရုစိုက်လို့ထင်ပါရဲ့နော်။ ဒီတစ်ခေါက်မှာလည်း ရင်ခုန်ချင်စရာ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Source - Warso Moe Oo

Photo - Ye Naung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။