သီချင်းအေးအေးလေးတွေကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုတတ်ပြီး နှုတ်ခမ်းနီမလေးတွေရဲ့အချစ်တွေကိုသိမ်းပိုက်ထားသူကတော့ အဆိုတော်ဘန်နီဖြိုးပဲ ဖြစ်ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်သံစဉ်သီချင်းလေးတွေဟာလည်း လူငယ်ပရိသတ်တွေရဲ့ခံစားချက်တွေတိုက်ဆိုင်နေတာလည်း ဖြစ်ပါတယ်။ အသည်းကွဲသီချင်းများကိုလည်း ကိုယ်တိုင်ခံစားသီဆိုတတ်တဲ့ကောင်ချောလေးတစ်ယောက်ပါ။

ဂီတလမ်းကြောင်းပေါ်မှာ ဆယ်စုနှစ်တိုင်အောင်အောင်မြင်စွာနဲ့ရပ်တည်လာသူတစ်ယောက်ဖြစ်ပြီး တေးစီးရီးပေါင်းများစွာကိုလည်းထွက်ရှိထားသူတစ်ယောက်ပါ။ အဆိုတော်စိုင်းစိုင်းခမ်းလှိုင်ဖွဲ့စည်းထားတဲ့ Frenzo Artists အဖွဲ့နဲ့လည်း ပြည်တွင်း၊ပြည်ပများကို လှည့်လည်ဖျော်ဖြေပွဲများလည်း ပြုလုပ်လျက်ရှိပါသေးတယ်။ မနေ့ကတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်ဘန်နီဖြိုးရဲ့(၂၇) နှစ်ပြည့်မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။

ဘန်နီဟာ သူ့ရဲ့မွေးနေ့လေးမှာ ချစ်သောပရိသတ်တွေနဲ့ Fan Meeting ကိုပြုလုပ်ခဲ့ပါတယ်။ ဒီပွဲလေးကိုသူ့ကိုချစ်တဲ့ပရိသတ်များပါသာမကပဲ အနုပညာရှင်များစွာလည်း တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲလေးမှာ ဘန်နီဟာတေးသီချင်းပေါင်းများစွာနဲ့ဖျော်ဖြေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့အကိုက်ညီဆုံးသီချင်းလေးဖြစ်တဲ့ " နင်ပျော်ရင် " ဆိုတဲ့သီချင်းလေးကိုလည်း ခံစားချက်အပြည့်နဲ့သီဆိုသွားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဘန်နီဖြိုးရဲ့သီချင်းဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- May.tk7 and Nawphaw Eh Htar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။