ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ ထိပ်တန်းမင်းသမီးချောလေးခိုင်သင်းကြည်ဟာ သူမရဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေကြောင့် အကယ်ဒမီထူးချွန်ဆုတွေကိုရရှိပိုင်ဆိုင်ထားသူ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုသာမကပဲ သာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုဖန်တီးတည်ဆောက်ထားပါသေးတယ်။ ဒါ့အပြင် သမီးချောလေး စံထိပ်ထားဦးဟာလည်း မေမေနဲ့အတူ အနုပညာအလုပ်တွေကို အတူတကွလုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

ထိပ်ထိပ်လေးဟာအသက်ရွယ်ငယ်သေးပင်မယ့်လည်း သွက်လက်ထက်မြက်လွန်းတဲ့ကောင်မလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကချစ်မဝဖြစ်နေရတာပါ။ ရုပ်ရှင်ဇာတ်ကားများရိုက်ကူးမှုမရှိသေးသော်လည်း ကြော်ငြာများနဲ့ပွဲအခမ်းအနားများလည်း တက်ရောက်နေတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုသာမကပဲ ပညာရေးမှာလည်းထူးချွန်သူသမီးလေးကြောင့် မိဘတွေကကြည်နူးပီတိဖြစ်နေရတာပါ။ 

ထိပ်ထိပ်လေးဟာ ရုပ်ချောရုံသာမကပဲ အသံပါရမီနဲ့ပါပြည့်စုံသူတစ်ယောက်ပါ။ မနေ့ညကလည်း နာမည်ကြီးအင်္ဂလိပ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ All Of Me ဆိုတဲ့သီချင်းလေးကို ခံစားချက်အပြည့်နဲ့သီဆိုထားတဲ့ဗီဒီယိုလေးကို သူမရဲ့Instagram myday လေးမှာဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း သူမရဲ့သီချင်းဗီဒီယိုလေးကို ကြည့်ရှုအားပေးကြပါဦးနော်။

Source- San Htate Htar Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။