ပရိသတ်တွေရဲ့ အချစ်တော်လေးတွေထဲမှာ မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး ပိုင်တံခွန်နဲ့ မင်းသမီးချောလေး စံရတီမိုးမြင့်တို့ကတော့ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်နေကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေပဲ ဖြစ်ပါတယ်နော်..။

ပိုင်တံခွန်ကတော့ မိန်းကလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ် အားပေးချစ်ခင်မှုတွေကို အများဆုံးရရှိထားသူဖြစ်ပြီး မင်းသမီးချောလေး စံရတီမိုးမြင့်ကလည်း ယောင်္ကျားလေးပရိသတ်တွေရဲ့ အသည်းကျော် မင်းသမီးလေးပဲ ဖြစ်ပါတယ်နော်..။


ပြည်သူချစ်တဲ့ ပိုင်တံခွန်နဲ့ စံရတီမိုးမြင့်တို့ အနုပညာရှင်မောင်နှမနှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို လက်တွဲလုပ်ဆောင်နေကြပြီး အခုတစ်ခါမှာ ပရိသတ်တွေကို ရင်ခုန်သွားအောင် ကျီစယ်လိုက်ကြပြန်ပါတယ်နော်..။

မင်းသမီးချောလေး စံရတီမိုးမြင့်က လက်ထပ်ခွင့်ကို လက်ခံလိုက်ပြီဆိုပြီး သူမရဲ့ပုံလေးနဲ့အတူ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားခဲ့တာမို့ ဘယ်သူလဲဆိုတာကို ပရိသတ်တွေစိတ်ဝင်စားခဲ့ကြပြီး နာရီပိုင်းအတွင်းမှာပဲ မင်းသားချောလေး ပိုင်တံခွန်ဟာ စံရတီမိုးမြင့်ကို Surprise လုပ်ပြီး လက်ထပ်ခွင့်တောင်းလိုက်တဲ့ ပုံရိပ်လေးတွေ ထွက်ပေါ်လာခဲ့ပါတယ်နော်..။


Surprise လုပ်ပြီး လက်ထပ်ခွင့်တောင်းတဲ့ သူတို့နှစ်ယောက်ရဲ့ကြည်နူးစရာပုံရိပ်လေးတွေကတော့ “စိန်နန်းတော်” အတွက် ကြော်ငြာလေးတွေကို နှစ်ယောက်အတူ ရိုက်ကူးထားတဲ့ ပုံရိပ်လေးတွေဖြစ်ပြီး ပရိသတ်တွေကို ရင်ခုန်သွားစေခဲ့တာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကို ရင်ခုန်အောင် ကျီစယ်စနောက်လိုက်တဲ့ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း ပိုင်တံခွန်လေးကလည်း “စိန်နန်းတော် ကြော်ညာရိုက်နေပါတယ် နာ့ခရ

For Sein Nan Taw TV Commercial..” ဆိုပြီး ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားတာလည်း တွေ့ရပါတယ်နော်..။

Photo - ပိုင်တံခွန်၊ Htet Paing Ye၊ We Love Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။