ဘောလုံးလောကမှာကမ္ဘာကျော်အောင်မြင်ရုံသာမက ကြော်ငြာဗီဒီယိုတွေမှာပါအမိုက်စားရိုက်ကွက်တွေကြောင့်ပရိသတ်တွေလေးစားအတုယူနေရတာကတော့ ရော်နယ်ဒိုပဲဖြစ်ပါတယ်။သူကတော့လက်ရှိအချိန်မှာလည်း ဂျူဗင်တပ်အသင်းမှာခြေစွမ်းပြကစားနေတဲ့ကစားသမားဖြစ်ပါတယ်။သူ့ရဲ့ခြေစွမ်းတွေကလည်း ယနေ့အချိန်ထိ သူ့ရဲ့သွင်းဂိုးတွေနဲ့အသင်းကိုနိုင်ပွဲတွေ ယူပေးနေတာပါ။

သူကတော့လက်ရှိဘောလုံးပွဲတွေနားနေတဲ့အချိန်လေးမှာလည်း သူဝါသနာပါတဲ့ရိုက်ကူးရေးလေးတွေကိုလုပ်နေတာဖြစ်ပါတယ်။ဒီရိုက်ကူးရေးလေးမှာလည်းကမ္ဘာကျော်ကစားသမားတစ်ယောက်ဖြစ်တဲ့နေမာနဲ့တွဲရိုက်နေတာဖြစ်ပါတယ်။ခုနောက်ပိုင်းမှာဒိုလေးဟာနေမာရဲ့video လေးတွေကိုအများဆုံးရိုက်ကူးနေတာဖြစ်ပါတယ်။ပထမvideo လေးမှာလည်း ကြိုးဝိုင်းထဲမှာနှစ်ယောက်ကိုယှဉ်တွဲတွေ့ရတာပါ။

ခုမှာလည်းသူတို့နှစ်ယောက်video တွေကိုစိတ်ဝင်တစားဖြစ်နေကြတဲ့ ပရိသတ်တွေဟာနောက်ထပ်စိတ်ဝင်စားစရာတစ်ခုကိုလည်းကြည့်ရတော့မှာပါ။ခုနောက်ထပ်ရိုက်ကူးထားတဲ့ video လေးမှာလည်း နှစ်ယောက်စားပွဲတင်တင်းနစ်ယှဉ်ပြိုင်နေတာဖြစ်ပြီးသူ့တို့ယှဉ်ပြိုင်မှုတွေကပရိသတ်တွေကိုစိတ်ဝင်စားရပြန်ပါပြီ။ပရိသတ်တွေလည်းနေမာရဲ့ ဒိုလေးတို့ယှဉ်ပြိုင်မှုကိုလည်းတင်ဆက်ပေးလိုက်ကပြီးအားပေးကြပါဦးနော်။

SOURCE:Cristiano Ronaldo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။