အနုပညာလုပ်ငန်းတွေကို ဆယ်စုနှစ်ကျော်အောင် အောင်မြင်မှုတွေနဲ့ရရှိပိုင်ဆိုင်ထားသူကတော့ မင်းသမီးချောလေး ဆုပန်ထွာပဲဖြစ်ပါတယ်။ သူမဟာ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာလှုပ်ရှားမှုတွေသိပ်မလုပ်တော့ဘဲ သာလေးကိုသာပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အရင်လိုရုပ်ရှင်ဇာတ်ကားတွေပြန်လည်ရိုက်ကူးစေချင်နေကြတာပဲဖြစ်ပါတယ်။ 

သားလေးဟာလည်း အမေတူသားလေးဖြစ်တာကြောင့် ချစ်ဖို့ကောင်းနေတာပဲဖြစ်ပြီး ပရိသတ်တွေက ဝိုင်းချစ်နေရတာပါ။ သာလေးရဲ့အရွယ်နဲ့မလိုက်အောင်ကို သိတတ်လိမ္မာမှုတွေကြောင့်လည်း ပန်ပန်တို့ဇနီးမောင်နှံနှစ်ယောက်လုံး ကြည်နူးနေရတာပါ။ သားလေးရဲ့ပညာရေးအတွက်လည်း ဇနီးမောင်နှံနှစ်ယောက်လုံးက လိုလေသေးမရှိအောင်ပြုလုပ်ပေးနေကြတာလည်း ဖြစ်ပါတယ်။  

ပန်ပန်တို့ဇနီးမောင်နှံနှစ်ယောက်လုံးဟာ သားလေးကိုအစစအရာရာဘက်စုံတိုးတက်အောင် အတွက်ကြိုးစားနေကြတာပါ။ အခုတစ်ခေါက်မှာလည်း သားလေးနဲ့အတူ ဘောလုံးကန်ရင်းနဲ့ပျော်ရွှင်နေတဲ့ Live video လေးကိုလူမှုကွန်ယက်စာမျက်နှာမှာ ဝေမျှထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်အောင်ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Okkar Kyaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။