ပရိသတ်ကြီးရေ လူငယ်တွေကြားမှာ ရေပန်းအရမ်းစားပြီး ပေါ်ပြူလာဖြစ်နေတဲ့ Popသီချင်းချိုချိုလေးတွေကို သီဆိုတဲ့ အဆိုတော်မလေး ပိုပိုဟာ အားလုံးရဲ့အသည်းကျော်လေးပါပဲနော်။ သူမဟာ အနုပညာလမ်းကြောင်းပေါ်မှာ ကိုယ့်ခြေထောက်ကိုယ်ရပ်ပြီး ကိုယ့်လမ်းကို လျှောက်နိုင်အောင်ကြိုးစားခဲ့တဲ့ အတွက် အချိန်တိုတိုနဲ့ အောင်မြင်တဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

ပရိသတ်တွေရဲ့ အသည်းကျော်လေး ဖြစ်တဲ့ အဆိုတော်မလေး ပိုပိုကတော့ အမျိုးသားပရိသတ်တွေရဲ့ နှလုံးသားကို သူမရဲ့တေးသီချင်းလေးတွေနဲ့ ရစ်ပတ်ဖမ်းစားထားသူ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းပြီး အခွေတိုင်းပေါက်ကာ အောင်မြင်နေတဲ့ ပိုပိုကတော့ လတ်တလော လူငယ်တွေကြားမှာယောက်ကျားလေးပရိသတ်တွေပါမက မိန်းကလေးပရိသတ်တွေကြားမှာပါ ရေပန်းစားနေတဲ့ အမျိုးသမီးအဆိုတော်တစ်ဦး ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကလေးတွေ မိမိဘာသာသက်ငယ်မုဒိန်းရန်က ကာကွယ်နိုင်အောင် သီချင်းလေးသီဆိုပြီး အမူအရာတွေနဲ့ပါ သင်ပြပေးထားတဲ့ ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးကြည့်ပြီး အရမ်းကြည်နူးပီတိဖြစ်မိတာလည်း အမှန်ပဲဖြစ်ပါတယ်။ဗီဒီယိုလေးထဲမှာ ပိုပိုကော ကလေးလေးတွေကော အရမ်းချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်တာကြောင့် ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။ချစ်ပရိသတ်ကြီးလည်း လက်ဆင့်ကမ်းမျှဝေပေးလိုက်ပါအုံးနော်...။

Source:Nyein Suu Way

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။