ပြည်တွင်း ရာသီတုပ်ကွေးရောဂါ(H1N1) နဲ့ပတ်သက်ပြီး ပြည်တွင်းသေဆုံးသူတွေနဲ့အတူ ကူးစက်မှုတွေကတော့ ယနေ့အထိတည်ရှိနေသေးကြောင်း သိရပါတယ်။ အဆိုပါ ရောဂါနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုတွေနဲ့အတူ အသိပညာပေး ဟောပြောမှုတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။  

ရာသီတုပ်ကွေးရောဂါ (H1N1) ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် မနေ့က နံနက်(၈း၃၀)အချိန်မှ စတင်ကာ ဆောင်ရွက်ခဲ့ကြောင်းသိရပါတယ်။ ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ကျန်းမာဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာမြင့်သန်းထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်ကျန်းမာရေးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်မှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လူစည်ကားရာနေရာများဖြစ်သောဈေး၊ ကားမှတ်တိုင်၊ လမ်းဆုံများတွင် သွားလာကြသော ပြည်သူများ လက်ဝယ်အရောက်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အများပြည်သူ ဝင်ထွက်သည့်နေရာများတွင် အသိပညာပေးစာစောင်များ ကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါတယ်။ 

ပိုမိုကျယ်ပြန့်လာတဲ့ အဆိုပါရာသီတုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုတွေကို ရန်ကုန်တိုင်းဒေသကြီးအပါအဝင်အခြားအခြားသော တိုင်းဒေသကြီးတွေမှာလည်း ပိုမိုလုပ်ဆောင်လာကြတာတွေ့ရပါတယ်။ ကြိုတင်သတိပေးမှုတွေနဲ့အတူ လက်ကမ်းစာစောင့်ပေးခဲ့တဲ့ ရာသီတုပ်ကွေးရောဂါ (H1N1) ရောဂါကြိုတင် ကာကွယ်ရေး လုပ်ဆောင်မှု ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။