ချစ်ပရိတ်သတ်ကြီးရေ... ပရိတ်သတ်ကြီးတွေ ချစ်စနိုးနဲ့ အေးသောင်းလို့ ခေါ်ခေါ်နေတဲ့ မင်းသမီးအေးဝတ်ရည်သောင်းဟာ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုတစ်ခဲနက်ရရှိထားတဲ့သူလေးတစ်ယောက်ပါပဲနော်။ ဆေးစက်ကျရာ သရုပ်ပေါ်အောင် အချစ်အမုန်းအလွမ်းဇာတ်ရုပ်တွေကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့အတွက်ပရိတ်သတ်တွေ သဘောတွေ့နှစ်သက်နေရတဲ့မင်းသမီးလေးတစ်လက်ပါပဲနော်။

ပရိတ်သတ်တွေရဲ့ သူမဟာ အခုနောက်ပိုင်းမှာ ဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်နေပြီးတော့ အနုပညာခြေလှမ်းတွေပြန်လည်စိတ်လာတာကို တွေ့ရပါတယ်နော်။ သူမဟာ လတ်တလောမှာတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ပုဂံမြေကို ကမ္ဘာ့ အမွေအနှစ်စာရင်ဝင်ဖို့အတွက်ကြိုးစားရင်း ယူနက်စကို ကိုရောက်ရှိလို့နေပါတယ်နော်။

မြန်မာနိုင်ငံက ယဉ်ကျေးမှုပုံစံတွေနဲ့ လုံးဝကွဲထွက်တဲ့ တိုင်းတပါးမြေရဲ့ ထူးခြားတဲ့အလှအပတွေကြားမှာ အေးသောင်းတစ်ယောက်ကတော့ တကယ်ကိုပျော်နေခဲ့ပါတယ်နော်။ လှပတဲ့ နေရာလေးတွေရောက့တိုင်းလည်း သူမဟာ ပရိတ်သတ်တွေအတွက် အလှပုံရိပ်လေးတွေရိုက်ကာ မျှဝေပေးတတ်ပြီးတော့ အခုလည်း လွတ်လပ်ပေါ့ပါးစွာနဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်လို ပျော်ရွှင်စွာလည်ပတ်ရင်း ရိုက်ထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို သူမရဲ့လူမှုစာမျက်နှာပေါ်မှာတင်ထားပေးခဲ့ပြန်ပါတယ်နော်။ကဲ... လွတ်လပ်မှုတွေကို ခံစားနေရပြီး အရမ်းကိုပျော်ရွှင်နေတဲ့ အေးသောင်းရဲ့ ပုံရိပ်လှလှလေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Aye Thaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။