တိရစ္ဆာန်လေးတွေဆိုတာဟာ လူတွေပြုသမျှနုရတယ်ဆိုပေမယ့် သူ့တို့လေးတွေအပေါ်မှာ အရမ်းမညှာမတာ နိုင့်ထက်စီးနင်းပြုလုပ်တာမျိုးတွေက အင်မတန်ကြည့်ရဆိုးလှပါတယ်။

ထို့အတူပဲ အင်အိုနီးရှားနိုင်ငံရဲ့ ကမ်းခြေတစ်ခုမှာဆိုရင်လည်း ပယ်လယ်လိပ်ကြီးတစ်ကောင်အပေါ် မညှာမတာ တက်ခွစီးနေတဲ့ လူတွေရဲ့ပုံရိပ်တွေဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့တာတွေ့ရပါတယ်။

၎င်းပုံတွေထဲမှာတော့ လိပ်ကြီးရဲ့ခေါင်းကို ခြေထောက်နဲ့နင်းပြီး တက်ခွစီးကာ သူတို့ရဲ့ပျော်ရွှင်မှုကို ရှာနေတဲ့ အမျိုသားတွေရဲ့ ပုံရိပ်ကိုလည်း တွေ့ရသလို အသက်အရွယ်ကြီးမြင့်နေသော်ညားလည်း လိပ်ကြီးအပေါ် မညှာမတာ ပြုမူခဲ့သူတွေရဲ့ ပုံရိပ်တွေကိုလည်း တွေ့ရပါတယ်။

လိပ်ကြီးကတော့ သူ့အပေါ်မှာ လူတွေများစွာ တယောက်ပြီးတစ်ယောက် တက်ခွစီးပြီး နိုင့်ထက်စီးနင်းသလိုပြုလုပ်နေပေမယ့် သူ့ရဲ့လက်လေးတွေကို ယက်ပြီး လွတ်ရာလမ်းဖြစ်တဲ့ ရေထဲကိုရောက်ဖို့ ကြိုးစားနေခဲ့တာတွေ့ရပါတယ်။

ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုအတွင်းမှာဆိုရင်လည်း လိပ်ကြီးကို ခွစီးလိုက် လုပ်နေတဲ့သူတွေကတော့ ပြုံးပျော်နေကြပေမယ့် လိပ်ကြီးခင်ဗျာမှာတော့ သူတို့တွေ ပြုသမျှကို ဘာမှလက်တုံ့မပြန်နိုင်ဘဲ ခံနေခဲ့ရတာတွေ့ရပါတယ်။

သူတို့စိတ်ကြိုက် ဆော့ကစားပြီးနောက်မှာတော့ လိပ်ကြီးကို ရေထဲပြန်လွှတ်ပေးခဲ့ကြပေမယ့်လည်း အင်တာနက်သုံးစွဲသူတွေကတော့ ဒီဖြစ်ရပ်ကို အပြင်းအထန်ဝေဖန်နေကြတာတွေ့ရပါတယ်။

ပရိသတ်တွေရော ဒီလုပ်ရပ်ကို ဘယ်လိုမြင်ကြလဲဆိုတာ ပြောပြခဲ့ကြဦးနော်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။