ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလောကထဲမှာ ပရိတ်သတ်တွေပေးတဲ့နေရာတစ်နေရာကို ခိုင်ခိုင်မာမာရရှိထားပြီးတော့ လူငယ်တွေကော လူကြီးပရိတ်သတ်တွေပါ အားပေးခြင်းခံရတဲ့ အဆိုတော်မလေးအေသင်ချိုကိုမသိတဲ့သူမရှိပါဘူးနော်။ဆွဲဆောင်မှုအပြည့်ရှိတဲ့ အသံချိုချိုလေးနဲ့ပရိတ်သတ်တွေရဲ့နှလုံးသားကို သိမ်းယူသွားနိုင်သူလေးလည်းဖြစ်ပါတယ်နော်။

အေသင်ဟာ လက်ရှိမှာတော့ အလုပ်ပညာအလုပ်တွေကို အရင်ကလောက် တော့မလုပ်ဖြစ်တော့ပေမယ့် သူမကိုအားပေးတဲ့ပရိတ်သတ်တော့ တပုံတပင်ရှိနေဆဲပါပဲနော်။ အခုဆိုရင် အေသင်ဟာ အရမ်းကိုချစ်ဖို့ကောင်းတဲ့ သမီးlvyလေးကို ပိုင်ဆိုင်ထားရတဲ့ မိခင်တစ်ယောက်လည်းဖြစ်နေပါပြီနော်။ ဘယ်လောက်ပဲပင်ပန်းပင်ပန်းအေသင်အတွက်ကတော့ သမီးလေးရဲ့အပြုံးဟာ အားဆေးတစ်ခွက်ပါပဲနော်။

သူမရဲ့ ချစ်သမီးလေး lvyဟာ အခုတစ်ခါမှာတော့ နေမကောင်းတဲ့အတွက် ကိုယ်ပူကျကပ်ခွာလေးကပ်ကာ အိမ်မှာပဲနေနေရပါတယ်နော်။ မေမေကတော့ သမီးလေးအတွက် မိခင်ပီပီ စိုးရိမ်နေရပေမယ့် ချစ်ဖို့ကောင်းတဲ့သမီးလေးကတော့ နေမကောင်းလည်း ဆော့နေကျအတိုင်းဆော့ကစားကာ မေမေ့ကို စိတ်အပူလျော့စေခဲ့ပါတယ်နော်။ ကိုယ်ပူနေပေမယ့် မေမေ့ရဲ့အဝတ်ပုံထဲမှာ အသည်းယားစရာကောင်းလောက်အောင်ဆော့ကစားနေတဲ့ သမီးလေးကိုကြည့်ပြီး အေသင်တစ်ယောက်စိုးရိမ်တာလည်းလျော့ခဲ့ရသလို အချစ်တွေလည်း ပိုခဲ့ရပညတယ်နော်။ကဲ... ကိုယ်ပူကျကတ်ခွာလေးကပ်ထားတာတောင် ချစ်ဖို့ကောင်းနေတဲ့ မီးမီးလေး lvyရဲ့ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source : Athen Cho Swe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။