ချစ်ပရိတ်သတ်ကြီးရေ...ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ တဖြည်းဖြည်း လျှောက်လှမ်းနေတဲ့ မိန်းကလေးတွေရဲ့ အသည်းစွဲ သရုပ်ဆောင် မင်းသားချောလေးပိုင်တံခွန်ကို မသိတဲ့သူမရှိပါဘူးနော်။ လူငယ် modelသရုပ်ဆောင်လေးတစ်ယောက်ဆိုပေမယ့် ကြိုးစားအားထုတ်မှုတွေကြောင့်အချိန်တိုတိုအတွင်းအောင်မြင်မှုတွေကိုပိုင်ဆိုင်ထားခဲ့ပါတယ်နော်။

ကိုရီးယားမင်းသားလို တရုတ်မင်းသားလိုလို ချစ်ဖို့ကောင်းပြီးတည်ကြည်တဲ့ မျက်နှာလေးနဲ့ အမိုက်စားခန္ဓာကိုယ်လေးကိုပိုင်ဆိုင်ထားတဲ့ အတွက် နှုတ်ခမ်းနီမလေးတွေရဲ့အသဲစွဲဖြစ်နေခဲ့ရတာပါနော်။ သူဟာ အခုနောက်ပိုင်းမှာဆိုရင် အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားနဲ့ လုပ်နေတာကိုတွေ့ရပြီးတော့ လတ်တလောမှာလည်း ပွဲလေးတွေကို ဆက်တိုက်ဆိုသလိုတက်ဖြစ်နေပါတယ်နော်။

သူဟာ အခုတစ်ခါမှာလည်း GL Beauty & Nail Art Grand Opening ပွဲလေးကို ပါးထက်မှာ အထင်းသားပေါ်နေတဲ့ နှုတ်ခမ်းနီရာလေးနဲ့ တက်ရောက်လာခဲ့ကြပါတယ်နော်။ ဒီနှုတ်ခမ်းနီရာလေးရဲ့ ပိုင်ရှင်ကတော့ သူအရမ်း ချစ်ရတဲ့ ပရိတ်သတ်တွေရဲ့ လက်ချက်ပဲဖြစ်ပြီးတော့ ပိုင်တံခွန်ကို ကြွေပါတယ် ရင်ခုန်ပါတယ်ဆိုတဲ့ အမာခံပရိတ်သတ်နှုတ်ခမ်းနီမလေးတွေအတွက်ကတော့ ကြေကွဲစရာပါပဲနော်။ သူချစ်ရတဲ့ သူတွေက ပေးခဲ့တဲ့ အနမ်းဖြစ်လို့ ပိုင်တံခွန်ကိုယ်တိုင်ကလည်း မဖျက်ပဲ ပွဲတက်လာခဲ့တာပဲဖြစ်ပါတယ်။ကဲ... ပိုင်တံခွန်ရဲ့ အမှတ်တရဖြစ်ခဲ့တဲ့ ပွဲတက်ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Paing Takhon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။