အာရှယူ၁၉ အမျိုးသမီးချန်ပီယံရှစ်အတွက် ပြင်ဆင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်ယူ၁၉ အမျိုးသမီးအသင်းကို ပဏာမ ကစားသမား (၃၀)ဦး ဖြင့် ဇူလိုင် ၁ရက်မှ စတင်ကာ စုစည်းလေကျင့်လျက်ရှိပါတယ်။မြန်မာ့လက်ရွေးစင် ယူ၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲကြိုပြင်ဆင်မှုအနေဖြင့် ဇူလိုင် ၁၃ရက်နေ့ ညနေ ၄နာရီ ဗဟန်းမြက်ခင်းတုကွင်းတွင် စင်ကာပူလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။

အာရှယူ၁၉ အမျိုးသမီးချန်ပီယံရှစ် ၂၀၁၉ ပြိုင်ပွဲကို အောက်တိုဘာလတွင် အိမ်ရှင်အဖြစ် ထိုင်းနိုင်ငံမှ လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် ဂျပန်၊တရုတ်၊ တောင်ကိုရီးယားအသင်းတို့နှင့် အုပ်စု (ခ)တွင် ကျရောက်ကာ ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။ မြန်မာယူ၁၉အမျိုးသမီးအသင်း ကတော့ အာရှယူ၁၉အမျိုးသမီးပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေပါတယ်။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာရှယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ အောင်မြင်သွားသည့် မြန်မာလက်ရွေးစင်ယူ-၁၉ အမျိုးသမီး အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ တာဝန်ရှိသူတွေက ဆုကြေးကျပ်သိန်း ၅၀၀ကို ပြီးခဲ့တဲ့ လတွေတုန်းက ချီးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ်။

SOURCE: MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။