ပန်းဖြူကတော့ အောင်မြင်ခဲ့တဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး တစ်ချိန်က ချစ်ပရိသတ်တွေရဲ့အချစ်တော်ဖြစ်ခဲ့တဲ့သူမကတော့ ယခုအချိန်ထိ ပရိသတ်တွေအချစ်တော်ဖြစ်နေဆဲပါ။အကယ်ဒမီဆုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သူမကတော့ အနုပညာအလုပ်တွေကနေ ရပ်နားထားပြီး အနားယူနေတာဖြစ်ပါတယ်။

သူမကတော့ တစ်ချိန်က အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ပရီသတ်အသည်းကျော် မင်းသမီး တစ်လက်ဖြစ်ပါတယ်။ပန်းဖြူကတော့ "အနုပညာ နှင့်ပတ်သတ်ပြီး ခုလောလောဆယ် တော့ မလုပ်ဖြစ်သေးဘူး ခင်ပွန်းနဲ့ အပြင် စီးပွားရေး လေးတွေပဲ လုပ်ဖြစ်နေတယ်" ဆိုပြီး MYANMARLOAD TVမှာဖြေကြားပေးခဲ့ပါတယ်။

ပန်းဖြူကတော့ " အမက ဝိတ်ချတယ် နစ်ပတ်လောက်ဆို ဆယ်ပေါင်လောက်ကျတယ် ဒါပေမယ် ပြန်စားလိုက်ရင် နစ်ဆ ပြန်တက်လာလို့ ဝိတ်မချတော့ဘူး " ဆိုပြီး MYANMARLOAD TVမှာဖြေကြားပေးခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် ပန်းဖြူရဲ့ အဆိုပါဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။

SOURCE:MYANMAR LOAD TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။