ချစ်ပရိသတ်တို့ရေ.....ခန္ဓာကိုယ်ကောက်ကြောင်း အချိုးအစားပြေပြစ်ညီညာပြီး ပုရိသတွေရဲ့အသည်းစွဲမော်ဒယ်လ်တစ်ဦးဖြစ်တဲ့ နန်းအမရာကို သိကြမယ်ထင်ပါတယ်နော်။ ချစ်ဖို့ကောင်းတဲ့မျက်နှာထားလေးကြောင့် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို လက်ခံပိုင်ဆိုင်ထားတာဖြစ်ပြီး ယောက်ျားလေးပရိသတ်ဝန်းရံအားပေးမှု အများဆုံးပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ချစ်သူနဲ့အတူ သာယာအေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်ထားပြီး နိုင်ငံခြားခရီးတွေလည်း ထွက်လေ့ရှိတာဖြစ်ပါတယ်...။

"Miss Asean Myanmar 2017" winner ပိုင်ရှင်ဖြစ်တဲ့ သူူမက social media လောကတွင်နာမည်တစ်လုံးနဲ့ ရပ်တည်နေတာဖြစ်ပြီး photo shotting တွေအမြဲရိုက်လေ့ရိုက်ထရှိသူတစ်ယောက်ဖြစ်ပါတယ်။ ပွဲလမ်းသဘင်တွေမှာလည်း သူမရဲ့ အလှပုံရိပ်တွေကို အမြဲမြင်တွေ့ရမှာဖြစ်ပြီး သီချင်းဗီဒီယို ကိုလည်းလက်ခံရိုက်ကူးလာတာဖြစ်ပါတယ်။ gym ကိုအစဉ်အမြဲ ပုံမှန်ကစားတာဖြစ်ပြီး အဆီပိုမရှိတဲ့ ခန္ဓာကိုယ်က တစ်ကယ့်ကို အပြစ်ပြောစရာမရှိအောင် အချိုးအစားပြေပြစ်လှပနေတာဖြစ်ပါတယ်။ Tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ပြုလုပ်ဖန်တီးပြီး ပရိသတ်တွေ ကြည့်ရှုခံစားရအောင် တင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်....။

နန်းအမရာက ပရိသတ်ကြီးနဲ့ အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook နဲ့ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "New hair old babe " ဆိုတဲ့ status လေးနဲ့အတူ ပုရိသတွေ စွဲမက်ဖွယ် အလှပုံရိပ်လေးတွေကို သူမရဲ့ official acc တွင်ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Nan Amara

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။