ပရိသတ်ကြီးရေ နေ့စဉ်ဖြတ်သန်းနေရတဲ့ တစ်နေ့တာမှာ အဆင်ပြေတာတွေရှိသလို စိတ်ညစ်စရာကောင်းလောက်အောင် ဖြေရှင်းလို့မရတဲ့ ပြသနာတွေ ကြုံတွေ့ရတဲ့အခါလည်း ရှိကြမှာပါ။ အဆင်ပြေနေရင်တော့ ဘဝက ပျော်ဖို့ကောင်းပေမယ့် တစ်နေ့လုံးအလွဲတွေနဲ့ အဆင်မပြေခဲ့ရင်တော့ စိတ်ရှုပ်ထွေးပြီး နေရတာ ပျော်စရာမကောင်းသလို ခံစားသွားခဲ့ရမှာပါ။

အခုဖော်ပြပေးချင်တာကတော့ အဆင်မပြေတာတွေချည်း ကြုံတွေ့နေရတဲ့ ပရိသတ်ကြီးအတွက် ဘယ်လိုပျော်ရွှင်အောင်နေရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။ အခုမြင်တွေ့နေရတဲ့ ပုံတွေဟာ ဖြစ်လာတဲ့ ပြသနာအခက်အခဲတွေကို လက်တွေ့ကျကျဖြေရှင်းပြသွားတဲ့ လူအချို့ရဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ ပုံလေးတွေကို ကြည့်လိုက်ရင် ရယ်စရာဟာသပုံတွေလို့ထင်ရပေမယ့်လည်း သေချာကြည့်မယ်ဆိုရင်တော့ တစ်နေ့တာကြုံတွေ့နေရတဲ့ ပြသနာတွေကို အထာကျကျဖြေရှင်းပြသွားတဲ့ ပုံလေးတွေလို့ရဆိုရမှာပါ။

ပရိသတ်ကြီးလည်း ဒီပုံလေးတွေကိုကြည့်ပြီး ဘဝမှာ ခက်ခဲတာတွေ ၊ အဆင်မပြေတာတွေ ဘယ်လောက်ပဲ ကြုံတွေ့နေပါစေ စိတ်ပျက်အားမလျှော့ပဲ ဖြစ်လာတဲ့ အနေအထားမှာ ဘယ်လို အဆင်ပြေအောင်နေမလဲဆိုတာကိုပဲတွေးပြီး ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းနိုင်ဖို့ပဲ လိုပါတယ်ဗျ။ အခု ဒီစာကိုဖတ်နေတဲ့ ပရိသတ်ကြီးလည်း ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သွားပြီမို့လို့ အခက်အခဲတွေအားလုံးကို အထာကျကျဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source :  Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။