Jessica Chastain နဲ့ Bryce Dallas Howard တို့ဟာဆိုရင် တော်တော်လေးကိုရုပ်ချင်းဆင်ကြတဲ့ မင်းသမီး၂ယောက်ဖြစ်ပါတယ်။ ပရိသတ်ကြီးထဲက တချို့လဲ သူတို့နှစ်ယောက် ရုပ်ချင်းဆင်တာကို သိရှိကြမယ်လို့ထင်ပါတယ်။ အဲ့လိုရုပ်ချင်းဆင်တာကြောင့် Bryce ရဲ့အဖေဖြစ်သူ Ron Howard ကတခါလူချင်းမှားဖူးတယ်လို့ Jessica ကပြောပြပါတယ်။ အဖေတောင်မှားတယ်ဆိုတော့ ဘယ်လောက်တောင်ရုပ်ချင်းဆင်လဲဆိုတာကိုပဲ စဉ်းစားကြည့်တော့။  

ဖြစ်ပုံကတော့ Jessica နဲ့ Bryce တို့ဟာ ပွဲတစ်ပွဲမှာ တွေ့ဆုံးကြကာ အဲ့ဒီမှာ Bryce ရဲ့အဖေဖြစ်သူက Jessica ိကုစသူ့သမီးအမှတ်နဲ့ ခါးဖက်ကာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ အင်တာဗျူးမှာဆိုရင်တော့ Jessica က " ကျွန်မက အဲ့ပွဲမှာ ရှိနေခဲ့စဉ်ပေါ့ Ron Howard ကလဲ အဲ့ပွဲမှာရှိနေခဲ့ပါတယ်...ကျွန်မလဲ လမ်းလျှောက်နေတာပေါ့ အဲ့လို လျှောက်နေရင်းနဲ့ Ron Howard ကိုတွေ့ပြီး အော်သူပါလားဆိုပြီး သတိရသွားပါတယ်...အဲ့မှာပဲ ကျွန်မကြားလိုက်ရတာက Ron တစ်ယောက်က သူ Bryce ကိုတွေ့လိုက်တယ်လို့ တခြားသူကိုပြောတာကြားလိုက်ရပါတယ် " ဆိုပြီးပြောပြခဲ့ပါတယ်။  

Ron တွေ့တာက Jessica ကိုတွေ့တာဖြစ်ပြီး သူထင်သွားတာက သူ့သမီးလို့ လူမှားပြီးထင်ခဲ့တာပါ။ မင်းသမီး Jessica ကဆက်လက်ပြီးတော့ သူမနဲ့ Bryce တို့ရဲ့ ရုပ်ချင်းဆင်တဲ့အပြင် တခြားသော အမူအရာတချို့လဲ တူတယ်လို့ပြောပြီး ညီအစ်မလို့တောင်ပြောလို့ရတယ်လို့ ပြောပြခဲ့ပါတယ်။ တကယ်တော့ သူတို့ကို လူတော်တော်များများက ရုပ်ချင်းဆင်တာကြောင့် မှားတက်ကြတဲ့သူတွေများစွာရှိပါတယ်။ ပရိသတ်ကြီးရော ပုံတွေကြည့်ပြီး ရုတ်တရက်ဆို ခွဲနိုင်မှာလား။  

Source : Koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။