နာမည်ကျော်သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်တဲ့ နန်းဆုဦးတစ်ယောက် Bangkok ASEAN Film ပွဲကို တက်ရောက်ခဲ့တဲ့ သူမရဲ့မြန်မာဆန်ဆန် ပုံရိပ်တွေကိုချပြလိုက်တာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့အသည်းတွေကို ဖမ်းစား ထားနိုင်သူလေးပါ။ ကျော့ရှင်းတဲ့ခန္ဓာကိုယ်လေးထက်မှာ ကျက်သရေရှိလွန်းတဲ့ မြန်မာဝတ်စုံလေးက ထင်းခနဲပေါ်လွင်ပြီး လှပလွန်းနေပါတယ်။

အနုပညာလောကထဲမှာ သူမကျင်လည်ခဲ့တာ အချိန်အတိုင်းအတာတစ်ခုထိကြာမြင့်ခဲ့ပြီ ဖြစ် ပြီး ဇာတ်ကားတွေလည်း အမျာျးအပြား ထွက်ရှိထားပြီပဲဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့ ပြည့်ပြည့်ဖောင်းဖောင်း ခန္ဓာကိုယ်လေးဟာ ဝတာမဟုတ်ပဲ အသည်းယား ချင်စဖွယ် အနေ အထားဖက်ကို ပိုပြီးရောက်ပါတယ်။ ကျရာဇာတ်ရုပ်မှာပီပြင်စွာသရုပ် ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့ စိတ်အာရုံကို အစဉ်အမြဲဖမ်းစားထားနိုင်သူ တစ်ယောက် လည်း ဖြစ်ပါတယ်။

ပန်းရောင်မြန်မာဝတ်စုံလေးနဲ့ လိုက်ဖက်လွန်းတဲ့ မြန်မာပြည်ရဲ့ မြန်မာမင်းသမီးလေး တစ်ယောက် Bangkok ASEAN Film ပွဲကို ယဉ်ကျေးစွာ တက်ရောက်ခဲ့ပြီး မြန်မာတို့ရဲ့ မြန်မာ့ရိုးရာဝတ်စုံလေးနဲ့ မြန်မာ့ဂုဏ်ကိုဆောင်သွားပုံလေးက တကယ့်ကိုကျက်သရေ အဖြာဖြာရှိလွန်းနေပါတယ်။ အချိန်တိုင်းမှာ ဖမ်းစားနိုင်သူလေးရဲ့ပုံရိပ်တွေကို တင်ဆက် ပေးလိုက်တယ်နော်။

Photo - Nansu Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။