ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်သူဇာတို့ရဲ့ ညီအစ်မတစ်ဝမ်းကွဲလေး စိုးပြည့်သဇင်ကတော့ သူ့အစ်မတွေနဲ့အပြိုင်လန်းနေပါတယ်။

အစ်မဖြစ်သူတွေရဲ့ ၀ါသနာအတိုင်း အနုပညာလောကမှာ နေရာတစ်နေခုရနေတဲ့ စိုးပြည့်ဟာ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့်လည်း ဘာဝတ်ဝတ် ကြည့်လို့ကောင်းနေတာပါ။

လက်တလောမှာလည်း လူမှုကွန်ရက်မှာတင်ထားတဲ့ သူမရဲ့ ပုံလေးတွေက လူပြောများလျက်ရှိပါတယ်။

ပအို့ ဝတ်စုံလေး ဝတ်ဆင်ထားတဲ့ စိုးပြည့်တစ်ယောက် တကယ့်တိုင်းရင်းသူလေးလို ဖြူဖြူစင်စင်နဲ့ချစ်စရာကောင်းနေပါတယ်။

ပရိသတ်ကြီးရော စိုးပြည့်ကို အားပေးကြလား။  

သတင်းအရင်းမြစ် Soe Pyae

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။