အကယ်ဒမီမင်းသမီးချောရတနာရဲ့ ညီမလေးဖြစ်တဲ့ မော်ဒယ်လ်သန္တာဗိုလ်ကတော့ အရမ်အရှည်ကြီးနဲ့ ပြီးပြည့်စုံတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ချောရတနာကတော့ ညီမေလေးရဲ့ အနုပညာအလုပ်တွေကိုအကြံဉာဏ်လည်းပေးကာ တတ်နိုင်သလောက်ကို အမြဲတမ်းကူညီပေးနေတာဖြစ်ပြီး သန္တာဗိုလ်ကလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိထားသူတစ်ယောက်ပါနော်။

သန္တာဗိုလ်ကတော့ ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်လ်ကောင်းပြည့်နဲ့ နှစ်ယောက်သားမေတ္တာမျှနေကြတာ နှစ်ပေါင်းမနည်းတော့ပါဘူးနော်။နှစ်ယောက်လုံးက ချောကြလှကြလို့ လိုက်ဖက်ညီတင့်တယ်ပြီး ရှေ့သွားနောက်လိုက်ညီတဲ့စုံတွဲလေးပါနော်။သန္တာဗိုလ်ကလည်း လူငယ်ပီပီ ပျော်ရွှင်စွာနေထိုင်တတ်ပြီး ဖော်ရွေတတ်တဲ့သူတစ်ယောက်ဖြစ်လို့ သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေလည်း ပေါများပါတယ်။

အခုဆိုရင်တော့ သန္တာဗိုလ်က မန္တလေးမှာ ဆိုင်ဖွင့်ပွဲလေးကို တက်ရောက်ပြီး မင်းသားချောလေး ထက်အောင်ရှိုင်းနဲ့အတူ ရိုက်ကူးထားတဲ့ စုံတွဲပုံလေးတွေကို ပရိသတ်တွေကို မျှဝေလာတာဖြစ်ပါတယ်။သန္တာဗိုလ်နဲ့ထက်အောင်ရှိုင်းတို့သူငယ်ချင်းနှစ်ယောက်ကတော့ အရောင်ဆင်တူတဲ့မြန်မာဝတ်စုံလေးတွေကို ဝတ်ဆင်ပြီးလိုက်ဖက်ညီနေကာ ချောမောလှပနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Thandar Bo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။