ဖိုက်တင်မင်းသမီးလေး ယဉ်လတ်တစ်ယောက် သူမရဲ့အလှပဆုံးပုံရိပ်တွေကို အမြဲလိုလို လူမှု ကွန်ယက်မှာဝေမျှတတ်သူတစ်ယောက်ပါပဲ။ သူမရဲ့ပင်တိုင်ဓာတ်ပုံဆရာကတော့ သူမရဲ့ဖခင်ကိုယ်တိုင်ပါပဲ။ ဓာတ်ပုံရိုက်တော်တဲ့ဖေဖေ့ကြောင့် ပုံလှလှလေးတွေနဲ့ ပရိသတ်တွေကို အမြဲတမ်းဖမ်းစားတတ်သူလေးပါ။ အတိုက် အခိုက်လည်းတော်သလို အလွမ်းတွေ အဆွေးတွေမှာလည်း ထူးချွန်တဲ့ မင်းသမီး တစ်ယောက်ပါပဲ။ ယဉ်လတ် သက်ဝေဆိုတဲ့ နာမည်လေးနဲ့လိုက်ဖက်လွန်းအောင် ယဉ်စစလေးလှပ ကျော့မော့နေတဲ့ သူမရဲ့ပုံစံလေးက အသည်းယားစရာပါ။

ချစ်စရာကောင်းလွန်းတဲ့ သူမလေးဟာ ခပ်ကြမ်းကြမ်းဖိုက်တင်ခန်းတွေမှာဆိုရင်လည်း ကျားရိုင်မလေးလို လူကြမ်းတွေနဲ့အပြိုင် ယှဉ်ပြိုင် သတ်ပုတ်နိုင်တာ အံ့သြစရာပါပဲ။ တကယ်လည်း သူမက အပြင်မှာ တိုက်ကွမ်ဒိုခါးပတ်နက်ရထားတဲ့ သူတစ်ယောက်ပါပဲ။ ယဉ်လတ်သက်ဝေ ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့အပြုံး လေးတွေကြောင့် ပုရိသတို့ရဲ့ နှလုံးသားတွေ တဖြုတ်ဖြုတ်ကြွေဆင်းခဲ့ကြတာ အတုန်းအရုံးပါပဲ။

အစိမ်းရောင်သစ်ရွက်တွေကြားမှာ လှလှပပလေးပြုံးပြီး ရင်ခုန်သံတွေကို ဆူညံအောင် ဖမ်းစားလိုက်တဲ့ နတ်သမီးလေးရဲ့ ချစ်စရာကောင်းမှုတွေ အောက်မှာ ပုရိသတို့အပြတ် အသတ်ကျရှုံးဖို့အသင့်ဖြစ်နေပါရဲ့ ပရိသတ်ကြီးရေ။ ဘယ်အချိန်ကြည့်ကြည့် ရင်ကို အေးစေတဲ့ သူမရဲ့အပြုံးလေး တွေက တကယ့်ကိုချစ်စရာကောင်းလွန်းတာမို့ တင်ဆက်ပေးလိုက်တယ်နော်။

Photo - Yin Let

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။