​ရှော်​​ကေးလ်​​နောက်​ခံလူ ဆိဒ်​ကိုလာစီနက် အာဆင်နယ်အသင်​းကို​ပြောင်​းဖို့ သ​ဘောတူညီမှုရရှိပြီးတဲ့အပြင်​ ​ဆေးစစ်​မှုပါ ခံယူပြီးစီးပြီးဖြစ်​​ကြောင်​း Goal က အခိုင်​အမာ ​ဖော်​ပြလာပါတယ်​။

အသက်​ (၂၃)နှစ်​အရွယ်​ ​ဘော့စ်​စနီးယား ​

နောက်​ခံလူဟာ လာမယ်​့ဇူလိုင်​လ (၁)ရက်​​နေ့မှာ အသင်​းကို လာ​ရောက်​ပူး​ပေါင်​းမှာဖြစ်​ပြီး အသင်​းရဲ့ ပထမဆုံး​နွေရာသီ​ခေါ်ယူမှု ဖြစ်​လာမှာ ဖြစ်​ပါတယ်​။

ကိုလာစီနက်​နဲ့ပတ်​သက်​တဲ့ အ​ပြောင်​းအ​ရွှေ့သတင်​း​တွေကို နည်​းပြကြီးအာစင်​းက မ​နေ့က ငြင်​းပယ်​ခံ​ပေမယ်​့ အ​ပြောင်​းအ​ရွှေ့က လျင်​လျင်​မြန်​မြန်​ အပြီးသတ်​ခဲ့ခြင်​း ဖြစ်​ပုံရပါတယ်​။

ဂျာမနီဂန္တဝင်​ကစားသမား​ဟောင်​းကြီး လိုသာမားသီးယပ်​စ်​ကလည်​း " ကိုလာစီနက်​ဟာ

ပရီးမီးယားလိဂ်​ကိုသွားဖို့ အသင်​း​ဖော်​​တွေကို နှုတ်​ဆက်​ပြီးပုံရပါပြီ။ အာဆင်​နယ်​လို အသင်​းကြီးတစ်​သင်​းက ​​ခေါ်ယူဖို့ကြိုးစား​နေတဲ့အတွက်​ ​ရှော့​ကေးလ်​အ​နေနဲ့ သူတို့ကစားသမားကို ဆက်​ထိန်​းဖို့ ခက်​ပါတယ်​။ " လို့ ဆိုသွားပါတယ်​။

Ref: Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။