မကြာခဏဖြစ်ပေါ်နေတဲ့ ယာဉ်တိုက်မှုတွေထဲမှာ နေပြည်တော် - ရန်ကုန် အမြန်လမ်းမကြီးပေါ်က သတင်းတွေကတော့ အများဆုံးဖြစ်တယ်ဆိုတာအားလုံးလည်း သိပြီးဖြစ်မယ်ထင်ပါတယ်။ ယာဉ်တိုက်မှုတွေထဲမှာ ဆိုးရွားတဲ့ယာဉ်တိုက်မှုများစွာရဲ့ အဓိကဖြစ်စဉ်တွေကတော့ စည်းကမ်းမဲ့မောင်းနှင်မှုတွေနဲ့ သဘာဝဘေးဒုက္ခတွေကြောင့် အဖြစ်များလေ့ရှိတာတွေ့ရပါတယ်။ အဆိုပါ ယာဉ်တိုက်မှုတွေကြောင့် သေကြေမှုတွေနဲ့အတူ ဆုံးရှုံးမှုများစွာကတော့ မကြာခဏဆိုသလိုဖြစ်ပေါ်လျှက်ရှိတာတွေ့ရပါတယ်။  

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီး နေပြည်တော်-ရန်ကုန် အမြန်လမ်းမိုင်တိုင်အမှတ်(၁၆/ဝ) အနီးတွင် ဇူလိုင်(၈)ရက် ညနေ(၃)နာရီ(၄၅)မိနစ်အချိန်ခန့်က ယာဉ်အားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကာရံထားသောဂတ်ဝေးတန်း အား ဝင်တိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်မှာ နေပြည်တော်-ရန်ကုန်အမြန်လမ်းမိုင်တိုင်အမှတ်(၁၆/ဝ)အနီးတွင် ယာဉ်မောင်းစောထူးဘွဲ့ဖော(၄၁)နှစ် ဦးစောရွှေထူးဖော မြို့မ(၁) ရပ်ကွက် ညောင်လေးပင်မြို့နေသူ မောင်းနှင်လာပြီး ယာဉ်နောက်ခန်းတွင် မချို(၃၄)နှစ် ၊ မနော်သမီ(၂၅)နှစ် ၊ ကိုကီကူ(၂၆)နှစ် တောင်သလဲမြောင်ကျေးရွာ ဒိုက်ဦးမြို့နယ်နေသူတို့ လိုက်ပါလာသော BGO 3Q/-----Nissan အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအား ကာရံထားသော ဂတ်ဝေးတန်းအားဝင်ရောက်တိုက်မိပြီး တိမ်းမှောက်ခဲ့ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။  

အဆိုပါဖြစ်ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး စခန်းမှူးရဲအုပ်သန့်ဇင်နှင့်အဖွဲ့၊ အမြန်လမ်းမီးသတ်စခန်းမှလက်ထောက်ဦးစီးမှူး ၊ အမြန်လမ်း (ဆလရ ပြင်/ထိန်း)အဖွဲ့တို့သည် အဆိုပါနေရာသို့သွားရောက်စစ်ဆေးရာ ယာဉ်ပေါ်ပါသူ မချို၊ မနော်သမီ၊ ကိုကီကူတို့သည် ဒဏ်ရာများရရှိသဖြင့် လှည်းကူးဆေးရုံသို့တင်ပို့ခဲ့ပါတယ်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်မောင်း စောထူးဘွဲ့ဖောအား အမြန်လမ်းမကြီးရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရပါတယ်။

SOURCE - THE MIRROR DAILY 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။