သီချင်းများစွာကို အသံပါဝါအားကောင်းကောင်းနဲ့သီဆိုတတ်သူကတော့ ဝါရင့်အဆိုတော်အာဇာနည်ပဲဖြစ်ပါတယ်။ သူဟာ ဂီတလောကမှာလည်း ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုများစွာနဲ့ ယနေ့ထိတိုင်ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ အာဇာနည်ဟာ ချစ်ဇနီးလေး ဝမ်းနဲ့အတူ သားလေးနှစ်ယောက်နဲ့အတူ ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးတည်ဆောက်ထားတာပဲဖြစ်ပါတယ်။ 

အာဇာနည်ဟာ တစ်ကိုယ်တော်ဖျော်ဖြေမှုတွေကိုလည်း ကျင်းပနိုင်ခဲ့သူတစ်ယောက်ပါ။ တေးစီးရီးများစွာကိုလည်းထွက်ရှိထားတာပဲဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ရဲ့သီချင်းသစ်များစွာကို အားပေးရန် စောင့်မျှော်နေတာပဲဖြစ်ပါတယ်။ ဒါ့အပြင် The Voice Myanmar မှာလည်း ဒိုင်တစ်ဦးအဖြစ်ပါဝင်ဆောင်ရွက်ခဲ့ပါသေးတယ်။

လွန်ခဲ့တဲ့ နာရီပိုင်းကလည်း သူ့ရဲ့လူမှုကွန်ယက်မှာ Live တစ်ခုထုတ်လွှင့်ခဲ့တာပဲဖြစ်ပါတယ်။ ဒါကတော့ မကြာခင်မှာကျင်းပပြုလုပ်မယ့် FG lounge ပွဲအတွက်သီချင်းတိုက်နေတာပဲဖြစ်ပါတယ်။ သီချင်းတိုက်နေရင်းနဲ့ ပရိသတ်တွေအတွက် သူ့ရဲ့သီချင်းဟောင်းလေးတစ်ပုဒ်ကို အမြည်းအနေနဲ့ ထုတ်လွှင့်သီဆိုခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source - Zarni Myo Nyunt 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။