လက်ရှိ မြန်မာနိုင်ငံထဲမှာ အောင်မြင်နေတဲ့ လူငယ်အနုပညာရှင်တွေထဲကတစ်ယောက်လည်းဖြစ်ပြီးတော့ ပရိတ်သတ်တွေရဲ့အားပေးမှုကိုတစ်ခဲနက်ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်မလေး အိမ့်ချစ်ဆိုတာ အားလုံးရဲ့အချစ်တော်လေးပါပဲနော်။ အမိုက်စား အသံချိုချိုလေးတွေနဲ့ တေးသီချင်းလေးတွေကို ပရိတ်သတ်တွေရဲ့ ရင်ထဲကိုရောက်အောင် သီဆိုနိုင်တာကြောင့် ထွက်သမျှသီချင်းတိုင်းက ပရိတ်သတ်တွေ ပါးစပ်ဖျားမှာရေပန်းစားနေခဲ့ရတာချည်းပါပဲနော်။

သူမဟာ အနုပညာမျိုးရိုးရှိသူလည်းဖြစ်ပြီးတော့ ဖခင်ဖြစ်သူ နာမည်ကျော်အဆိုတော်ကြီး ချစ်ကောင်းရဲ့ ခြေရာကို တစ်ထပ်တည်းလိုက်နင်းနိုင်သူဖြစ်တဲ့အတွက် အားလုံးရဲ့အချစ်တွေကို များစွာပိုင်ဆိုင်ထားခဲ့ရပါတယ်နော်။ ခပ်ညိုညိုအသားအရေလေးကို ပိုင်ဆိုင်ထားတဲ့သူမဟာ ညိုချောလို့ဆိုရလောက်အောင် အရမ်းကိုချစ်ဖို့ကောင်းပြီး သွက်လက်လှပသူလေးပါပဲနော်။

သူမဟာလက်ရှိမှာဆိုရင် နိုင်ငံခြားဖျော်ဖြေရေးခရီးစဉ်တွေ ဆက်တိုက်ဖြစ်နေပြီး တော့ မြန်မာနိုင်ငံကို မပြန်နိုင်ရလောက်အောင်ကို ပွဲဆက်တွေအရမ်းများနေခဲ့ပါတယ်နော်။ အဖေတူသမီးလေးပီပီ အောင်မြင်မှုတွေများစွာပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တာကြောင့် သူမဟာ အခုအချိန်ထိ တိုင်းတစ်ပါးမြေမှာ မအားမလပ်နဲ့ ဖျော်ဖြေရေးပွဲတွေဆက်နေခဲ့ရတာပဲဖြစ်ပါတယ်။ အခုလည်း သူမဟာ ခရီးဆောင်အိတ်တွေ များစွာနဲ့ New Yorkကနေ Buffalo ကို ဖျော်ဖြေရေးခရီးသွားဖို့အတွက် ပြင်ဆင်နေတာကိုတွေ့ရပြန်ပါတယ်နော်။ကဲ... ခရီးဆောင်အိတ်အများကြီးနဲ့ မနိုင်မနင်းခရီးသွားနေတဲ့ အိမ့်ချစ်ရဲ့ခရီးသွားပုံရိပ်လေးတွေကိုချစ်ပရိတ်သတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source : Eint Chit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။