စိတ်ဝင်စားစရာ နဲ့ ထူးခြားဆန်းပြားတဲ့အရာတွေဟာ ဘယ်တော့မှဖြေရှင်းလို့မရတဲ့ အရာတွေထဲမှာ အမြဲပါဝင်လျက်ရှိပါတယ်။ ၂၅၅ပေရှည် ၄၄ပေကျယ်ပြီး အလေးချိန် ၁၈၇၉တန် အလေးချိန်ရှိပြီး ရွက်တိုင် ၂ခုပါတဲ့ ကုန်သင်္ဘောကြီးဟာ Bermuda Triangle နဲ့ချိတ်ဆက်လျက်ရှိပြီး Ghost Ship လို့အများကခေါ်ကြပါတယ်။ ဘာလို့လဲဆိုတော့ အဲ့သင်္ဘောကြီးဟာ အဲ့တြိဂံရဲ့အနီးအနားဝန်းကျင်မှာ သွားလာလျက်ရှိပြီး ဘယ်သူမှ အဲ့သင်္ဘောကြီးပေါ်ကို မတက်ရဲကြပါဘူး။  

အဲ့သင်္ဘောကြီးကို ၁၉၁၉ခုနှစ်မှာ G.G Deering ဆိုတဲ့ Company ကတည်ဆောက်ခဲ့ပြီး ဆောက်လို့အပြီးမှာတော့ Company ပိုင်ရှင်က သူ့သားနာမည်ဖြစ်တဲ့ Carroll ဆိုပြီး သင်္ဘောကြီးကို နာမည်ပေးခဲ့ပါတယ်။ August လ 1921 ခုနှစ်မှာ သင်္ဘောကြီးဟာ သတ်မှတ်ရက်အတိုင်းကုန်ပစ္စည်းပို့ရန် Brazil သို့သွားရောက်ခဲ့ပါတယ်။ ထို့သို့သွားနေချိန်မှာပဲ သင်္ဘောကပ္ပတိန်းဟာ နေမကောင်းဖြစ်ခဲ့တာကြောင့် သူနေရာမှာ အစားထိုခဲ့ပါတယ်။ အဲ့လိုနဲ့လိုရာခရီးရောက်သွားပြီး ပြန်လာခဲ့ကြပါတယ်။ 

December 2 ရက်နေ့မှာ သင်္ဘောသားတစ်ယောက်ဟာ အရက်မူးပြီး ကပ္ပတိန်ကို သတ်ရန်ကြံစည်ကာ မိသွားတဲ့အတွက်သူကိုဖမ်းခဲ့ပြီး ထောင်ချခဲ့ပါတယ်။ အဲံလိုနဲ့ဲပဲ သူကိုပြန်လွှတ်လိုက်ပါတယ်။ January 9ရက် 1921မှာ သင်္ဘောဟာ ထပ်မံ ရွက်လွှင့်ခဲ့ပါတယ်။ အဲ့ကစပြီ သင်္ဘောပေါ်မှာ ခြောက်ခြားစရာတွေ စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ သင်္ဘောကအလိုလိုရပ်တန့်တာတို့ လိုရာခရီးမရောက်တာတို့စသဖြင့် ဖြစ်ပေါ်လျက်ရှိပါတယ်။ နောက်ဆုံးမှာ သင်္ဘောမှာပါသမျှလူတွေအကုန်လုံး အကြောင်းမသိပျောက်ကွယ်သွားခဲ့ပါတယ်။ ဒီအကြောင်းအရာကို ပြန်လှန်ပြောပြနိုင်ခဲ့တာကတော့ Note တစ်ခုကြောင့်ပဲဖြစ်ပါတယ်။  

Source : Cracked 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။