ချစ်ပရိတ်သတ်ကြီးရေ... အနုပညာလောကမှာနေရာတစ်နေရာကိုပိုင်ပိုင်နိုင်နိုင်ရရှိထားပြီးတော့ အောင်မြင်မှုမှတ်တိုင်တွေကို စိုက်ထူထားနိုင်ခဲ့တဲ့မင်းသမီးမျိုးစန္ဒီကျော်ဆိုတာ ပရိတ်သတ်တွေရဲ့အချစ်တော်တစ်ယောက်ပါပဲနော်။ ဟိုးအရင် ဗီဒီယိုဇာတ်ကားတွေခေတ်စားနေနဲ့အချိန်လောက်ကတည်းက ပရိတ်သတ်တွေရဲ့ အားပေးမှုကိုတစ်ခဲနက်ရရှိထားသူဖြစ်ပြီးတော့ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်လက်ပါပဲနော်။

အချစ် အမုန်း အလွမ်း ကျရာဇာတ်ရုပ်ကို ဆေးစက်ကျရာသရုပ်ပေါ်အောင် ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့ ရေရှည်တည်တံ့တဲ့အချစ်တွေကိုပိုင်ဆိုင်ထားခဲ့ရပါတယ်နော်။ သူမဟာ လတ်တလောမှာဆိုရင် အနုပညာအလုပ်တွေကို ပြန်လုပ်နေပြီဖြစ်ပြီးတော့ ပွဲလေးတွေကို လည်း ဆက်တိုက်ဆိုသလို တက်ကာ ဓာတ်ပုံလေးတွေ ကြော်ငြာလေးတွေကိုလည်း ရိုက်ဖြစ်နေတာတွေ့ရပါတယ်နော် ။

အခုတစ်ခါမှာလည်း သူမဟာ ချစ်စရာကောင်းတဲ့ သူမရဲ့ သမီးလေး Jewelလေးနဲ့အတူတူ တွဲရိုက်ထားတဲ့ ပုံလှလှလေးတွေကို ချစ်ပရိတ်သတ်တွေအတွက်မျှဝေပေးထားတာကိုတွေ့ရပါတယ်နော်။ ဆင်တူဝတ်စုံလေးကို မေမေနဲ့အတူတူဝတ်ရင်း ရုပ်ရှင်မင်းသမီးဖြစ်တဲ့ မေမေ့ကိုတောင်အလျော့မပေးတဲ့ ချစ်စရာအိုက်တင်လေးတွေနဲ့ Jewelလေးကတော့ ပရိတ်သတ်တွေကို အကြွင်းမဲ့အချစ်ပိုစေခဲ့ပါတယ်နော်။ ကဲ... ချစ်ဖို့ကောင်းလွန်းတဲ့ အမူအရာလေးတွေနဲ့ ပရိတ်သတ်အချစ်တော် မျိုးစန္ဒီကျော်တို့သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေ အတွက်မျှဝေပေးလိုက်ပါတယ်နော်။

Source : Myo Sandy Kyaw

Phopto Crd: MYAT THAW

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။