မုန်းစွဲဇာတ်ကားထဲက အမွှာလေးနှစ်ယောက်ကိုတော့ ပရိသတ်ကြီးရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီအမွှာလေးနှစ်ယောက်ဟာ အရမ်းကိုချစ်ဖို့ ကောင်းပြီး သွက်လက်တာ ကြောင့် နေတိုးကိုယ်တိုင် ရွေးထုတ်ထားတဲ့ ထူးချွန်သူလေးနှစ်ယောက်ပါပဲ။ မုန်းစွဲ ဇာတ်ကား မှာလည်း ညီကိုနှ စ်ယောက်သားက အတိုင်အဖောက်ညီညီနဲ့ သရုပ်ဆောင် ပုံလေးတွေဟာ တကယ့်ကိုပီပြင်လွန်းတာမို့ ပရိသတ်တွေရဲ့ အပြတ်အသတ် အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ကလေးပီပီ ဟန်ဆောင်မှုကင်းတဲ့ပုံစံလေးကလည်း ချစ်စရာ ကောင်းလွန်းနေပါတယ်။

ဒီနေ့မှာတော့ ဇွဲထူးတစ်ယောက် ကြော်ငြာရိုက်ကူးရေးတစ်ခုကို နေမကောင်းတဲ့ကြားက မရမက ညတစ်နာရီအထိ ပင်ပင်ပန်းပန်းရိုက်ကူးခဲ့တဲ့ အကြောင်းလေးကို မေမေက လူမှု ကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ အနုပညာအပေါ်ထားတဲ့ စိတ်လေးကတော့ လေးစားစရာနော်။ ချစ်စရာကောင်းတဲ့ညီကိုနှစ်ယောက်ရဲ့လှုပ်ရှားမှုလေးတွေဟာ လည်း ပရိသတ်တွေကို ဘဝအမောခေတ္တပြေပျောက်စေတာတော့အမှန်ပါပဲ။

ဇွဲထူးလေးရဲ့အပြတ်အသတ်ကြိုးစားမှုကို မေမေက " မမရင်ငြိမ်းနဲ့ ကိုကိုမိုးသူတို့နဲ့အတူ ရိုက်ကြတာပါ ဇွဲထူးလေးက နေမကောင်းတဲ့ကြားက မနက် ၁ နာရီခွဲထိ အားတင်းပီး ရိုက်ခဲ့ပါတယ် နှာခေါင်းသွေးတွေလဲလျှံတာမှအများကြီးပဲ သားငယ်လေး အမှတ်တယ များစွာနဲ့ ပင်ပင်ပန်းပန်းနဲ့ ကြိုးစားထားတဲ့ကြော်ငြာလေးထွက်ခဲ့ရင်လဲ အားပေးကြပါဦး ခင်ဗျာ ပရိတ်သတ်ကြီးကို ချစ်ပါတယ်ခင်ဗျာ " ဆိုပြီးဝေမျှလိုက်တာပဲဖြစ်ပါတယ်။

Photo - Zwe Wai Yan Htet / Zwe Wai Yan Htoo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။