ယနေ့ခေတ်ရေစီးကြောင်းအရတော့ အရင်ထစက်စာရင် ကမ္ဘာကျော်ဆယ်လီတွေဟာ အဝတ်အစားအပေါ်အလော်တွေကို ပိုမိုဝတ်ဆင်လာတာတွေ့ရပါတယ်။

သူတို့နိုင်ငံ သူတို့အနေအထားအရတော့ ယခုလိုဝတ်ဆင်လာတာဟာ အဆန်းကြီးတော့ မဟုတ်ပေမယ့် ရှေးရိုးစွဲယဉ်ကျေးမှုထင်ဟပ်နေတဲ့ အချို့သောနိုင်ငံတွေအတွက်တော့ သူတို့ရဲ့ဝတ်စားဆင်ယင်မှုဟာ အနည်းငယ်အလွန်အကျွန်အနေအထားမျိုးဖြစ်နေတတ်တာတွေ့ရပါတယ်။

သူတို့ဝတ်ဆင်ထားတဲ့ ဝတ်စုံနဲ့ အချို့သောဝတ်စုံတွေကတော့ အနည်းငယ်အပေါ်အလော်ဖြစ်နေပေမယ့် သူတို့နဲ့တကယ့်ကို လှပလိုက်ဖက်နေတာတွေ့ရပါတယ်။

သို့ပေမယ့် တချို့ဝတ်စုံတွေကတော့ အခြားသူတွေရဲ့ မျက်လုံးထဲမှာ ကန့်လန့်ကြီးဖြစ်နေတာမျိုးတွေလည်း ရှိနေပါတယ်။

တကယ့်တကယ့်တော့ အပေါ်အလော်တွေဝတ်ပြမှ ကိုယ့်ရဲ့ခန္ဓာကိုယ်အလှပေါ်တာမျိုးမဟုတ်ဘဲ လုံလုံခြုံခြုံနဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်လှပစေတဲ့ ပွဲတက်ဝတ်စုံဒီဇိုင်းတွေလည်း များစွာရှိနေပါတယ်။ ယခုလိုအပေါ်အလော်ဝတ်စုံတွေဟာ ခေတ်ရေစီးကြောင်းအရပဲ ဝတ်ဆင်တာလား ဒါမှမဟုတ်သူတို့ရဲ့ စိတ်ကြိုက်ပဲ ဝတ်ဆင်တာလား သေချာမသိရပေမယ့် Bright Side ကဖော်ပြတဲ့ ဆယ်လီတွေရဲ့ အပေါ်အလော်ဝတ်စုံဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source- Bright Side 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။