ပရိသတ်တွေရဲ့အချစ်တော် အနုပညာရှင်တွေဖြစ်ကြတဲ့ သရုပ်ဆောင် မင်းသားချောလေး နေတိုးနဲ့ သရုပ်ဆောင် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်တို့နှစ်ယောက် အပြိုင်အဆိုင်သရုပ်ဆောင်ထားတဲ့ "နှစ်ပါးသွား Update " ဇာတ်ကားကြီးကတော့ မကြာခင်အချိန်အတောအတွင်းမှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ နေတိုးနဲ့ ရွှေကစ်တို့နှစ်ယောက်က မတူညီတဲ့ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ ပရိသတ်တွေကို စိတ်ဝင်စားအောင် လုပ်ပြထားတာ ဖြစ်ပါတယ်။

ဒီဇာတ်ကားလေးကတော့ မြင်နေကျဇာတ်လမ်းတွေထက် တစ်မူထူးခြားပြီး ရယ်လည်းရသလို ပရိသတ်တွေကိုပါ အပျော်တွေကူးစက်သွားစေမယ့်ဇာတ်ကားလေးဖြစ်တယ်လို့ သိရပါတယ်။ အထူးသဖြင့် နေတိုးနဲ့ ရွှေကစ်တို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် နည်းလမ်းမျိုးစုံနဲ့ အပီအပြင် ချောက်ချပြီး ပိုးစိုးပက်စက် ဆေးထိုးထားကြတာ ဖြစ်ပါတယ်။ နေတိုးနဲ့ရွှေကစ်ရဲ့ဇာတ်ကားလေးတွေကိုမှ မျှော်နေကြတဲ့ ပရိသတ်တွေအတွက်တော့ ကြည့်ရမှာတန်စေမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။

ဒီ "နှစ်ပါးသွား Update " ဇာတ်ကားကြီးကိုတော့ လာမယ့် ဇူလိုင်လ (၁၈) ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်တာကြောင့် ကြည့်ရူချင်နေကြတဲ့ ပရိသတ်တွေအတွက်တော့ သိပ်စောင့်စရာမလိုတော့ဘူးနော်။ ပရိသတ်တွေအနေနဲ့ကလည်း ရိုးရိုးနှစ်ပါးသွားဇာတ်လမ်းတွေ ကြည့်နေရတာ ဒိတ်အောက်နေပြီလို့ ခံစားနေရရင်တော့ ရယ်လည်းရယ်ရပြီး ရသမျိုးစုံပေးနိုင်တဲ့ နေတိုးနဲ့ရွှေကစ်ရဲ့ "နှစ်ပါးသွား Update" ဇာတ်ကားကြီးကို မဖြစ်မနေသွားကြည့်ကြဖို့ တိုက်တွန်းပေးလိုက်ပါတယ်နော်။

Source:နှစ်ပါးသွား Update;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။