ကျွန်တော်တို့ရဲ့ ဒီသဘာဝတရားကြီးထဲက တိရစ္ဆာန်တွေရဲ့ နေပုံထိုင်ပုံ အကုန်လုံးကို မလေ့လာနိုင်သေးပါဘူး။ တချို့လူမသိသေးတဲ့ အချက်တွေ အများကြီးရှိပါသေးတယ်။ တချို့အရာတွေကြတော့ ကိုယ့်အနီးအနားဝန်းကျင်မှာတင်ဖြစ်ပွားနေပေမဲ့ သတိမပြုမိကြပါဘူး။ ရှဉ့်ဆိုတဲ့အမျိုးကို လူတိုင်းသိကြမှာပါ။ သူတို့တွေကို အပြင်မှာတွေ့နိုင်သလို ကာတွန်းကားထဲမှာဆို ပိုလိုတောင်တွေ့နိုင်ပါသေးတယ်။ 

သူတို့ဟာဆိုရင် သစ်ကြားသီးတွေကို စုပြီးစားတဲ့တိရစ္ဆာန်လေးတွေဖြစ်သလို သွေးဆာနေတဲ့ တိရစ္ဆာန်လေးတွေဆိုလဲ မမှားပါဘူး။ ရှဉ့်တွေဟာ ဘယ်တော့မှ အသားစားရဖို့အတွက် အမဲလိုက်လေ့မရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က အမဲလိုက်တဲ့နေရာမှာ အရမ်းကြီးမကျွမ်းကျင် မတော်ကြပါဘူး။ ဒါကြောင့်ပဲသူတို့ဟာ လမ်းပေါ်မှာ လတ်လတ်ဆတ်ဆတ် သေနေတဲ့ အသေကောင်လေးတွေ ငှက်လိုအကောင်တွေ စားသုံးလေ့ရှိပါတယ်။ 

ရှဉ့်တွေဟာ အဲ့လိုလမ်းပေါ်မှာ လတ်လတ်ဆတ်ဆတ်သေနေတဲ့ အကောင်မတွေ့ရင် ငှက်သိုက်နားတို့သွားကာ ငှက်မကြီး အစာရှာမထွက်ခင်အချိန်ထိ စောင့်ကာ ငှက်မအစာရှာထွက်ဖို့ ပျံသန်းသွားပြီဆိုတာနဲ့ သူတို့ဟာ အသိုက်ထဲကငှက်ပေါက်စလေးတွေကို အရှင်လတ်လတ် စားသောက်ပါတယ်။ သူတို့ဟာ မှောင်လာတာနဲ့အမျှ သားကောင်ရှာထွက်ပါတယ်။ သေနေတဲ့ကြွက်တို့ သေခါနီကြွက်တို့ကို ရှာတတ်လေ့ရှိပါတယ်။ တချို့ရှဉ့်မျိုးတွေ့ပဲ အသားစားတာလား ဒါမှမဟုတ် ရှဉ့်တိုင်းလိုလိုပဲလား....။ 

Source : Cracked 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။