ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ ပရဟိမင်းသမီးချော ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအပြင် ပရဟိတလုပ်ငန်းတွေမှာလည်း အားပေးမှုတွေ အခိုင်အမာရရှိထားသူပဲ ဖြစ်ပါတယ်နော်..။

ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့အပြင် မိဘမဲ့ကလေးငယ်လေးတွေအတွက် အားကိုးရာဖြစ်တဲ့ မိဘမဲ့ဂေဟာကိုလည်း တည်ထောင်ထားပြီး မိဘမဲ့ကလေးငယ်လေးတွေကို စောက်ရှောက်နေသူလည်း ဖြစ်ပါတယ်နော်..။


အလှူအတန်းတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတဲ့ ခိုင်နှင်းဝေကတော့ အခုတစ်ခါမှာလည်း ကိုယ်ထူကိုယ်ထမူလတန်းကျောင်းသား ကျောင်းသူတွေအတွက် ကိုယ်တိုင်ကိုယ်ကျလှူဒါန်းမှုတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်နော်..။

သုံးခွမြို့၊ ပျဉ်းမကုန်းကျေးရွာရှိ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းမှာရှိတဲ့ ကျောင်းသားကျောင်းသူ (၄၆)ဦးအတွက် ကျောင်းဝတ်စုံအပြင် ထီး၊ ဖိနပ်၊ ဆပ်ပြာတို့ကို လှူဒါန်းခဲ့ပြီး ကလေးငယ်လေးများ ပျော်ရွှင်ဖို့အတွက်လည်း အရုပ်တွေကို ကံစမ်မဲဖောက်ပေးခဲ့ပါသေးတယ်နော်..။


“ပွင့်သောပန်းတိုင်း လန်းနိုင်စေဖို့ မျှော်မှန်းရင်း

အနာဂတ်ကို ယုံကြည်သူတိုင်း ကလေးသူငယ်များ ဘဝလှပအောင် မိမိတတ်နိုင်သည့် ဘက်မှ ကူညီပံ့ပိုးပေးကြဖို့ တိုက်တွန်းချင်ပါတယ်..” ဆိုပြီးတော့ အမှတ်တရဓာတ်ပုံလေးတွေနဲ့အတူ ရေးသားပြောပြထားတာလည်း တွေ့ရပါတယ်နော်..။

လတ်တလောမှာတော့ ချစ်ပရိသတ်တွေအတွက် ခိုင်နှင်းဝေရဲ့ အလှူပုံရိပ်ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ခိုင်နှင်းေ၀

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။